Part (1)

5.7K 133 13
                                    

မတ်ေတ နီတိ

🌸pann

Part (1)

ညနေပိုင်းရောက်နေပေမယ့်လည်း ကောင်းကင်မှာသာနေတဲ့နေမင်းကြီးက ပူပန်စရာများရှိနေလားမသိပါဘူး..ဒီနေ့တော်တော်လေးကို ပူလောင်လွန်းပြီးနေရောင်ရဲ့အလင်းက မခံနိုင်အောင်စူးရှထက်လွန်းသည်..။

ပူအိုက်လွန်းလို့တောင် ဒီနေ့ရေနှစ်ခါချိုးပြီးသွားပြီ..မနက်ကလည်းချိုးပေမယ့် ခုကအပူရှိန်ကြောင့်ချွေးတွေပြန်ထွက်နေပြီလေ ။

အရင်နေ့လိုသာဆို အပျင်းကြီးတာနဲ့ပဲရေပြန်ချိုးဖြစ်ချင်မှချိုးဖြစ်မှာ..ဒီနေ့ကတော့မတူဘူးလေ ။

သူလာမှာကိုး..။

သန့်ရှင်းသပ်ရပ်လှပနေမှ ဖြစ်မှာ သူ့မျက်ဝန်းထဲမှာပေါ့..။

ဟိဟိ..။

သူ့အကြောင်းတွေးမိရင်ကို အကြောင်းရင်းမရှိ ရယ်ချင်ပြုံးချင်နေတာ..။

အရင်နှစ်တွေထိ ကျောင်းပိတ်ရက်စနေတနင်္ဂနွေနေ့များဆို ပျင်းလွန်းလို့အရည်များပျော်ကျလောက်မလားတောင် စိုးရိမ်ရတယ်..။

ဒီနှစ်တော့မတူဘူးလေ..ရင်ခုန်ချင်စရာလေး တွေ့နေပြီကိုး ။

သူ့ကြောင့်ပျင်းစရာကိုယ့်နေရက်များက စိုပြေပျော်ရွှင်ရပြီး ရင်ခုန်စိတ်လှုပ်ရှားလာရတာ..။

ကျောင်းပျင်းတဲ့ကိုယ်က ကျောင်းပျော်ဖြစ်လာရတာ သူ့ကြောင့်..သူကအဓိက အကြောင်းရာလေး ဟွင်းဟွင်း..။

ဒါ​တောင်ခုနှစ်ရက်မှာ ခြောက်ရက်လောက်တွေ့နေရတာလည်း ကိုယ့်မှာမကျေနပ်နေ..တစ်ရက်လေးထပ်တိုးတွေ့ဖို့ကလည်း ကိုယ်တွေကြားအကြောင်းရင်းကမရှိနေ ။

အဖေကလည်းနော်.. ခုနှစ်ရက်လုံး ကျူရှင်ဖွင့်တော့ ဘာဖြစ်မှာမို့လို့လဲ တစ်ရက်ထဲကိုပိတ်နေသေးတယ် တကယ် ။

ဟင်း..တွေးရင်းတောင်မနက်ဖြန်အတွက် ရင်လေးတယ်..မနက်ဖြန်ဆို ကျူရှင်ပိတ်လို့သူကလာမှာမဟုတ်ဘူး ။

ဒီနေ့သူ့ကို အဝငေးကြည့်ထားရမယ်..။

အတွေးလေးတွေနဲ့ရယ်မောရင်း လိမ်းထားတဲ့ပါးကွက်ကြား တစ်ဖက်နဲ့တစ်ဖက်အချိုးစားညီမညီ ဘယ်ညာယိမ်းပြီးယှဥ်ကြည့်ရသည်..။

မေတ္တ နီတိ (Unicode )Where stories live. Discover now