Part (22)

982 64 2
                                    

မေတ္တနီတိ


🌸pann


Part (22)



" ဟီရိမေပျို.. ဟီရိမေပျို "

ဘာထူးသံမှပြန်မကြား..။

အဲ့ကလေးမ အခန်းထဲ​နေပြီးဘာများလုပ်နေသလဲမသိဘူး..။

" ဟီရိမေပျို.. ဟီရိမေပျို "

ကျွန်တော်ထပ်ခေါ်ကြည့်သည်..။

ဘာသံမှမကြား..။

ဒီလောက်အော်ခေါ်နေတာတောင် သူမကြားဘူးဆိုတာ လုံးလုံးလျားလျားကြီးကိုမဖြစ်နိုင်..။

ဒီကလေးမ ငါ့ကိုလာပြီးစမ်းနေတာလား..။

" ဟီရိမေ.."

အော်ခေါ်ရင်းတံခါးခေါက်မယ်ဆိုမှ တံခါးဖွင့်လာသည်..။

အံမယ် အခွက်ကအေးဆေးအတိုင်း..။

ခေါ်လို့ကပျာကယာလာတဲ့ပုံစံမဟုတ်..။

လိုက်ပြီးနှိုင်းပြောရအောင်လည်း အကြီးဖြစ်သူမို့မကောင်းပြန်..။

" မင်းငါခေါ်နေတာမကြားဘူးလား.."

" ကြားပါတယ်..အဲ့ဒါကြောင့် မေပျိုထွက်လာမလို့လေ "

" မင်းမှာပါးစပ်မပါဘူးလား..ခေါ်ရင်အသံပြန်ပြုရတယ်ဆိုတာလည်း မသိဘူးလား "

" ခုမေပျိုရောက်လာပြီပဲကို.."

ကျန်း..တစ်ပတ်လောက်အေးဆေးလွတ်ထားပေးလိုက်တာကို ပြန်ခံပတ်ချင်နေတယ်ပေါ့။

တစ်ပတ်ပဲအေးဆေးလွတ်ထားပေးတာ မသိသေးတဲ့ပုံပဲ..။

အဟက်..တွေ့ကြတာပေါ့ ။

မင်းနဲ့ငါရှေ့ဆက်ဘယ်လိုခရီးသွားမယ်ဆိုတာ..။

" ငါပြမယ်.. ကြည့်ထား "

မေပျိုကိုစိုက်ကြည့်ပြီး ပြောပြန်သည်..။

ဘာများထပ် ဩဝါဒခြွေအုံးမယ်မသိ..သူကအဖေ့ထက်တောင်ပိုဆိုးနေသေးတယ် တကယ်။

ကျောင်းဆရာဖြစ်တဲ့အဖေက နေရာတကာ ဩဝါဒပေးချင်တာကထားတော့..အလုပ်ကရတဲ့ effect တွေမို့ ။

ခုတော့သူက ဗီဇအရကိုက ဩဝါဒ ခြွေကိုခြွေချင်တာလားမပြောတတ်ပါဘူး..။

မေတ္တ နီတိ (Unicode )Where stories live. Discover now