Part (23)

868 72 2
                                    

မေတ္တနီတိ


🌸pann


Part (23)



" ဟီရိမေပျို ပြီးပြီလား.."

" လာပြီ.."

မေပျို အခန်းထဲကနေပြေးထွက်သွားလိုက်သည်..။

" ထပ်ပြီး ဂါဝန်ဝတ်လာပြန်ပြီလား..အဲ့ဂါဝန်စတွေသိမ်းနေရတာက အလုပ်တစ်လုပ်ဖြစ်အုံးမယ် ဘောင်းဘီသွားလဲချည်.."

" မေပျို့မှာဘောင်းဘီက ရှော့ပင်လောက်ပဲရှိတာ.."

" အဲ့ဒါလည်း ဘောင်းဘီမဟုတ်ဘူးလား.."

" နည်းနည်းများရုပ်ဆိုးမလားလို့.."

" ရုပ်ဆိုးတာချောတာဂရုစိုက်ရအောင်လည်း ဒီနားမှာမင်းကိုဘယ်သူမှမငေးဘူး..သူ့အလုပ်နဲ့သူတောင်မအားကြဘူး..အဲ့သည်လောက်ထိ လှချင်မနေနဲ့ သွား..သွားပြန်လဲ "

မေပျိုနှုတ်ခမ်းဆူပြီး အခန်းထဲပြန်ဝင်ခဲ့ရသည်..။

ဘောင်းဘီဆိုလို့သိပ်မရှိပါဘူးဆိုနေ..ထဘီတောင်မေပျိုက သိပ်ဝတ်တာမဟုတ်ဘူးရယ်..ဂါဝန်ပဲများတာကို ။

" ဟီရိမေပျို မြန်မြန်လဲခဲ့နော်..မင်းအဝတ်လဲတာနဲ့တင် နေမြင့်တော့မယ် "

လူကိုအော်ဖို့ပဲသိတယ်..။

မေပျိုဗီဒိုမွှေရင်း စပန့်သားညအိပ်ဝမ်းဆက်သုံးထည် ပါလာသေးတာမြင်တော့ ပျော်သွားရသည်..။

ဒီကိုမလာခင်က မမကြိုင်ကဆယ်ထည်စီးတွေရောင်းလို့ အဖေကမေပျိုအတွက်သုံးထည်ဝယ်ပေးလာတာတဲ့..။

အတော်ပဲ..အသစ်ကြီးတွေပေမယ့်တစ်ထည်ဝတ်ချလိုက်တော့မယ် ။

ရှော့ပင်ကြီးတွေထက်စာရင် အရှည်ကပိုမကောင်းဘူးလား..။

မေပျိုလဲဝတ်ပြီး ပြန်ထွက်လာတော့ လူကြီးကခါးထောက်ရင်း လက်ကနာရီငုံ့ကြည့်နေတာတွေ့ပြီ..။

အေးဆေးပေါ့.. ဘာလို့လောနေမှန်းမသိဘူး။

" မပြီးတော့ဘူး မင်းဟာက..သွားမယ် လာ.."

" ဟုတ်.."

မေပျိုတို့အိမ်ကနေထွက်ခဲ့လိုက်သည်..။

" ဪ..အိမ်တံခါးတွေစေ့ခဲ့ဖို့မေ့နေတယ်.. ဟီရိမေပျို မင်းအရင်သွားနှင့်လိုက်..ခြံမှာပေါက်စီရှိတယ် "

မေတ္တ နီတိ (Unicode )Where stories live. Discover now