Part (21)

998 66 7
                                    

မေတ္တနီတိ



🌸pann


Part (21)


မေပျို ခုမှအိမ်သာထဲဝင်ရသည်..။

ဒါတောင် အခန်းထဲနေတဲ့ချိန်အဲ့လူကြီးကတံခါးခေါက်ပြီး ' သွားတော့ ရပြီ ' လို့လာပြောတာ..။

အဲ့လိုအော်မှ မေပျိုအခန်းထဲကထွက်ရဲသည်..မျက်နှာသစ်မယ်တွေးကာမှ ဗိုက်ရစ်လာလို့ အိမ်သာခန်းဘက်ပြန်သွားရပြန်သည်..။

မေပျို ဘယ်အခန်းဝင်ဝင် တံခါးလော့ခ်ချပြီးပဲ ဝင်ရဲသည်..ဒါတောင် တံခါးလာခေါက်မှာစိုးနေရသေးသည် ။

ကိစ္စရှင်းပြီး လက်ဆေးခြေဆေးမျက်နှာသစ်ကာ ဂုတ်ကိုရေဆွတ်ရသေးသည်..ညကကားစီးလာတာမို့ လူကမလန်းလည်းမလန်းသလို ခေါင်းကြီးလည်း လေးနေတယ်ထင်နေရတာမို့..။

အားလုံးပြီးတော့မှ ထွက်ခဲ့တော့ တစ်ဖက်အခန်းဖွဲ့မှာ ထမင်းစားဖို့ခင်းကျင်းနေကြပြီ..။

" ဟီရိမေပျို "

မေပျိုကိုခေါ်လို့ လှည့်ကြည့်ရသေးသည်..။

" ရေမချိုးလာသေးဘူးလား.. "

မေပျို ကိုယ့်ပုံစံကိုယ်ငုံ့ကြည့်မိသည်..ကြည့်ရများဆိုးနေလား အနံ့သက်တွေများမကောင်းနေဘူးလား ။

" ရေချိုးလာမယ်ထင်တာ..သွား မျက်နှာသွားသုတ်ပြီး ပြန်လာခဲ့..မနက်စာစားမယ် "

မေပျို ခေါင်းညိတ်ပြကာ ထွက်လာခဲ့လိုက်သည်..။

လူကြီးပြောသလို မျက်နှာသုတ်ပြီးပြန်သွားမို့တွေးပေမယ့် ညကကားစီးလာတာကြောင့်အနံ့များ ထွက်နေမလားတွေးပြီး အဝတ်ပြန်လဲကာ အိတ်ထဲထည့်လာတဲ့ခေါင်းဖြီးငိုထုတ်ပြီး ခေါင်းဖြီးလိုက်ရသေးသည်..။

ပြီးမှ အခန်းထဲကနေထွက်ကာ ထမင်းဝိုင်းဆီသွားလိုက်သည်..။

" လာ..ထိုင် "

လူကြီးမေးဆတ်ပြတဲ့နေရာမှာ ဝင်ထိုင်လိုက်သည်..။

" ပေါက်စီရေ..ပြီးသေးဘူးလား "

" လာပြီအစ်ကိုရေ..နွှေးနေသေးလို့ကြာနေတာ"

နောက်ခန်း(မီးဖိုချောင်) ကနေ ပေါက်စီဆိုတဲ့သူက ပန်းကန်လုံးကိုထိန်းမလာရင်း ထွက်လာသည်.. ။

မေတ္တ နီတိ (Unicode )Where stories live. Discover now