Part (6)

974 61 11
                                    

မေတ္တနီတိ


🌸pann


Part (6)


မမကြိုင်တို့ဆိုင်ရှေ့မှာ စက်ဘီးဒေါက်ထောက်ရပ်ခဲ့ပြီး ဆိုင်ထဲပြေးဝင်သွားလိုက်သည်..။

" မမကြိုင်ရေ.."

" ကျုပ်ရှိပါတယ် ဒီမှာ.."

" အဟီး.."

ဆိုင်ထဲကိုမကြည့်ဘဲ အော်ခေါ်နေတာ..မမကြိုင်က ဆိုင်တွင်းထဲမှာသူ့ဖုန်းနဲ့ဇာတ်ကားကြည့်ရင်း လက်သည်းနီဆိုးနေတာ..။

" ဘာကားကြည့်နေတာလဲ.."

အနားသွားပြီး ဖုန်းကိုအရင်စပ်စုမိသည်..။

" ခုထွက်နေတဲ့ ကိုးရီးယားကား ဒေါင်းထားတာ.."

ဘယ်သူတွေမှန်း ဘယ်လိုဇာတ်ကားမှန်းမသိပေမယ့် ဒီတိုင်းစပ်စုရုံလေးကြည့်နေမိတာ..။

အိမ်မှာအဖေက tv တွေ ဇာတ်ကားတွေသိပ်ကြည့်ခိုင်းတာမဟုတ်ဘူး..စာပဲလုပ်တဲ့ ။

စာမလုပ်နေလည်း မကြည့်ဖြစ်တာများပါတယ်..အိမ်မှာက မနက်ကျောင်းသွား ညနေပြန်လာရင်ကျူရှင်သင် ညကျတော့လည်းကျူရှင်မို့ tv ဖွင့်ချိန်ကိုမရှိနေတာ ။

အဲ့ဒါကြောင့် အိမ်မှာ tv ရှိနေလည်းဖွင့်မကြည့်သလောက်ပါပဲ..။

ဇာတ်ကားကိုစပ်စုကြည့်နေလည်း ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ပြီး စိတ်ဝင်စားတဲ့အပိုင်းလည်းမဟုတ်နေတော့ အကြည့်လွှဲပြီး မမကြိုင်လက်သည်းဆိုးနေတာကို ကြည့်မိသည်..။

မမကြိုင်ကလက်သည်းအရှည်ထားပြီး အသားရောင်လိုလို မိတ်ကပ်ရောင်လိုလို လက်သည်းရောင်လေး ဆိုးနေတော့လည်းလက်လေးကလှသား..။

မမကြိုင်လက်ကိုကြည့်ရင်း ကိုယ့်လက်ကိုယ်ပြန်ငုံ့ကြည့်မိသည်..ပကတိလက်သည်းရောင်ဖြစ်နေတဲ့ပြင် တုံးတိပြီးတိုတိုကြီးနဲ့ မလှနေ..။

အရောင်လေးများဆိုးရင်လှမလားနော်..။

" မမကြိုင်.."

" ပြော.."

" မေပျိုလည်း အဲ့ဒါဆိုးကြည့်ချင်တယ်..ရလား.."

" ဟင်..ဘယ်ဟာလဲ "

" အဲ့လက်သည်းရောင်လေးကိုပြောတာ.."

မေတ္တ နီတိ (Unicode )Where stories live. Discover now