Part (31)

1K 88 6
                                    

မေတ္တနီတိ




🌼pann



Part (31)





မေပျို မနက်အိပ်ရာနိုးကတည်းက လူကြီးကိုမတွေ့မိသေး..။

မနက်စာ စားတော့လည်း လူကြီးကိုမတွေ့သေးတာနဲ့ ကိုပေါက်စီကိုမေးရသည်..။

" ကိုပေါက်စီ.. ဦးဒီပ ဘယ်သွားတာလဲ..မနက်ကတည်းက မတွေ့ဘူး "

" အစ်ကို နွားချေးသွားကြည့်တယ်.."

" ဟင်..နွားချေးသွားကြည့်တယ် "

" ဟုတ်တယ်လေ..ခြံထဲကနွားချေးတွေကုန်တော့မယ်မလား ပြီးတော့အဲ့အသုတ်ကနွားချေးတွေကသိပ်မကောင်းဘူး..မြေကြီးအရောတွေပါနေတာများလို့ ဒီတစ်ခါတခြားခြံကနေထပ်ရှာဖို့အစောကြီးထွက်သွားတာ​.."

" မနက်စာတောင်မစားဘဲနဲ့ အစောကြီးထွက်သွားတယ်ပေါ့.."

" ဆိုင်တစ်ဆိုင်မှာ ဝင်စားခဲ့မယ်ပြောခဲ့တာပဲ.."

" ဪ.. "

မေပျိုထပ်မမေးဘဲ စားစရာရှိတာဆက်စားနေလိုက်သည်..။

ပြီးမှ..

" ဒီနေ့မှိုစိုက်မှာလား.."

" အင်း..ဒီနေ့အသစ်ထပ်စိုက်မှာ "

" မေပျိုလည်း လိုက်မယ်.."

" ခြံထဲလား..ရတယ်လေ လိုက်ခဲ့ပေါ့ "

ဒီတိုင်း အပျင်းပြေလိုက်ကြည့်ဖို့ပြောတယ်ထင်ခဲ့တာ..။

" မေပျို..ပန်းကန်ဆေးလိုက်မယ် ပေး..ပေး "

ပန်းကန်တွေကို မေပျိုပဲသိမ်းပြီးမေပျိုပဲဆေးပေးပြန်သည်..။

" ကိုပေါက်စီ ခြံထဲမဆင်းနှင့်နဲ့နော်..မေပျိုလည်းလိုက်မှာ "

" စောင့်နေပါတယ်ဗျာ.."

ကိုယ်ပဲစိတ်ထင်နေတာလားမသိပါဘူး..ဒီနေ့ ဟီရိမေပျိုတစ်ယောက် ခါတိုင်းထက်ပိုတက်ကြွနေသလိုပါ ။

" ခဏစောင့်..မေပျို အဝတ်လဲအုံးမလို့ "

အော်ပြောရင်း သူ့အခန်းထဲပြေးဝင်သွားပြန်သည်..။

တအောင့်နေတော့ ဝတ်ထားတဲ့ဂါဝန်ကိုပြောင်းခဲ့ပြီး ဘောင်းဘီရှည်နဲ့ချည်ထည်တစ်ထည်တွဲဝတ်လာသည်..။

မေတ္တ နီတိ (Unicode )Where stories live. Discover now