Part (16)

883 63 13
                                    

မေတ္တနီတိ


🌸pann


Part (16)



တနင်္ဂနွေနေ့..။

မေပျိုတို့အိမ် ခြောက်ကပ်နေသည်..။

အဖေကလည်း လှုပ်ရှားမှုမရှိ ငြိမ်သက်နေသလို မေပျိုလည်းအခန်းထဲကမထွက်..။

နှစ်ယောက်တည်းရှိတဲ့အိမ်မို့ နဂိုကတည်းက ခြောက်ကပ်နေပေမယ့် အခုလောက်ခြောက်ကပ်ပြီး တိတ်ဆိတ်နေတာကိုတော့မကြုံဖူး..။

ဒါပေမယ့် မနေ့ကမနက်ထိလိုပုံစံမျိုး ပြန်ဖြစ်ဖို့ မေပျိုမလုပ်ချင်နေ..အဖေနဲ့လည်းသွားမညှိချင် ။

ကိုယ့်ဘာသာကိုယ်ပဲ အခန်းထဲအောင်းချင်နေသည်..အောက်ထပ်မှာဘာဖြစ်နေသလဲ အပြင်မှာဘယ်လိုတွေဖြစ်နေပြီလဲ မေပျိုမသိချင် ။

မေပျို သိနေတာတစ်ခုထဲက မေပျိုဂရုစိုက်နိုင်တဲ့တစ်ခုထဲသောက ဉာဏ်နဲ့မဝေးဖို့ပဲ..။

အချိန်ရှိတိုင်း နှလုံးသားထဲကရော နှုတ်ခမ်းပါးကပါ ရွတ်နေမိတဲ့အရာတစ်ခုက ဉာဏ်နဲ့မဝေးပါရစေနဲ့..။

မေပျို ဉာဏ်နဲ့ဝေးရမှာ သိပ်ကြောက်သည်..။

ဉာဏ်နဲ့သာဝေးရရင် မေပျိုတော်တော်လေး ခံစားရမှာ..။

မေပျိုဝေးရတဲ့ဝေဒနာကြီးကို ထပ်မခံစားနိုင်..အဲ့လိုခံစားရမှာကို မေပျိုသိပ်ကြောက်သည်။

' ဉာဏ်..ဉာဏ်တော့ မေပျိုကိုမထားခဲ့ဘူးမလား..ဉာဏ်တော့ မေပျို့အနားမှာပဲနေမယ်မလား..လူကြီးတွေဘာပြောပြော ရှေ့ဆက်သွားမှာပဲမလား..ဟုတ်တယ်မလား '

အိပ်ယာထဲမှာ ရွတ်နေမိတာက ဒီတစ်ခုသာ..။

" ဒေါက်..ဟီရိ ထမင်းလာစား "

အပြင်မှာ အဖေ့အသံကြားသည်..။

ဟင့်အင်း..လာမစားနိုင်ပါဘူး ။

ဒီလိုလာချော့ရုံနဲ့ အဖေ့ကိုပြန်စိတ်ပြေမယ်များမှတ်နေလား မသိဘူး..။

ဉာဏ်နဲ့ဖြတ်ဖို့ပြောတာရော မေပျို့ကိုရိုက်ဖို့လက်ရွယ်တာရော မေပျိုတစ်ခုလေးတောင်မမေ့ဘူး..။

" ဒေါက်..ဒေါက်..ဟီရိမေပျို "

ဟွန့်.. ။

နှုတ်ခမ်းမဲ့ပြီး တစ်ဖက်လှည့်ကာ စောင်ကိုခေါင်းထိဆွဲခြုံလိုက်သည်..။

မေတ္တ နီတိ (Unicode )Where stories live. Discover now