Part (3)

1K 77 18
                                    

မေတ္တနီတိ


🌸pann


Part (3)



" ညီမ..မညှပ်တာပိုကောင်းမယ်နော် ညီမဆံပင်ကတိုနေတော့ ညှပ်လိုက်ရင်တအားတိုသွားမှာ.."

ဆိုင်ကိုလည်းရောက်နေပြီ..။

မှန်ရှေ့မှာလည်း ထိုင်ပြီးနေပြီ..။

ဝတ်ရုံကိုလည်း ကိုယ်ပေါ်မှာလွှားထားပြီးပြီ..။

ညှပ်ပါ ညှပ်ချင်ပါတယ်လို့လည်း အခါတစ်ရာမကပြောပြီးပြီ..။

ဒါကိုခုထိ ကိုယ့်ဆံပင်ကိုဘေးကနေဖွကြည့်လိုက် နောက်မြှီးလေးကိုဖွကြည့်လိုက် ရှေ့ဆံပင်တိုင်းကြည့်လိုက်လုပ်နေတုန်း..။

ပါးစပ်ကလည်း မညှပ်သေးပါနဲ့လို့ပြောနေတာ ဘယ်နှခါရှိနေပြီမှန်းကိုယ်လည်းမရေနိုင်တော့ဘူး..တကယ်ကိုများနေပြီမှန်းတော့သိပါတယ် ။

" အခုပဲညှပ်ချင်တာ..အစ်မမညှပ်နိုင်ရင်လည်းရတယ် နောက်တစ်ဆိုင်ပြောင်းထိုင်ရုံပဲရှိတယ်.."

ပြောရင်း ဝတ်ရုံချွတ်ကာထတော့မှ အသည်းသန်လူကိုတားတော့တယ်..။

" မဟုတ်တာ..ညှပ်ချင်လွန်းတယ်ဆိုလည်း ညှပ်ပေးပါ့မယ်ညီမရယ်..ထိုင်ပါ.."

ထိုင်လို့ပြောပေမယ့် ထိုင်ဖို့မလုပ်ခင်အပြတ်ပြောရအုံးမယ်..။

ပြန်ထိုင်ပြီးမှ စောနကဇာတ်လမ်းပြန်စလာရင် သက်သက်အချိန်ကုန် စိတ်ဒုက္ခရောက်ရတာပဲအဖက်တင်မှာ..။

" ညှပ်ပေးမှာသေချာလို့လား..ပြီးမှ ဟိုပြောဒီပြောဆို ခုကတည်းကညှပ်ပေးမနေပါနဲ့ တစ်ခါထဲတခြားဆိုင်ပဲပြောင်းထိုင်တော့မယ်..ဆံပင်ညှပ်ချင်လို့ ဆံသဆိုင်လာတာ နားညီးခံဖို့ဒီလာတာမဟုတ်ဘူး အိမ်ပြန်ရောက်ရင်လည်း ထပ်နားညီးရမယ့်ကိစ္စလည်းရှိပါသေးတယ်ဆို ဒီမှာပါညှော်နေရင်တော့မခံနိုင်ဘူး.."

" အစ်မပဲညှပ်ပေးပါ့မယ်..ထိုင်ပါ ညီမရယ်.."

" သေချာပါတယ်နော်.."

တိကျသေချာမှုပဲလိုချင်တယ်..။

" သေချာပါတယ် ညီမရယ်..ထိုင်ပါ "

မေတ္တ နီတိ (Unicode )Where stories live. Discover now