Part (2)

1.3K 76 7
                                    

မေတ္တ နီတိ


🌸pann


Part (2)


" မမကြိုင်..မမကြိုင် "

ဆိုင်ထဲလူမတွေ့တော့ အသံလှမ်းပေးလိုက်သည်..။

" မမကြိုင်.."

" ဝေး.."

အိမ်နောက်ကနေတော့ ထူးသံပြန်ကြားပြီမို့ ထပ်မခေါ်တော့ဘဲ ဆိုင်ရှေ့မှန်ဘောင်ထဲမှာပြထားတဲ့နှုတ်ခမ်းနီတောင့်လေးတွေကို ခါးလေးကိုင်းပြီး မှန်ဘောင်ကိုလက်ညိုးလေးနဲ့ထောက်ရင်း ငေးကြည့်လိုက်သည်..။

ဘယ်အရောင်လေး ဝယ်ရင်ကောင်းမလဲ..။

ဘယ်အရောင်လေးနဲ့ငါနဲ့လိုက်လောက်မလဲ..။

" ဪ ဘယ်သူများလဲလို့..ဟီရိပါလား "

မမကြိုင်ရဲ့အသံကြားရပြီမို့ စိတ်ထဲပျော်လိုက်ပေမယ့် ဟီရိဆိုတဲ့စကားကြောင့်မျက်နှာကမဲ့မိပြီ..။

" မေပျိုလို့ပဲခေါ်ပါဆိုတာကို.."

" နင့်အဖေက ဟီရိပဲခေါ်တာကိုး.."

" အဖေခေါ်တိုင်းလိုက်ခေါ်ရအောင် မမကြိုင်ကအဖေ့မိန်းမမို့လို့လား.."

" ဟဲ့..ဘယ်လိုပြောလိုက်တာလဲ သူများကြားရင် တစ်မျိုးထင်ကုန်တော့မှာပဲ "

ကိုယ်ကခုမှအပျိုနုနုထွတ်ထွတ်..။

ဘယ်ယင်ဖိုမှလည်းသမ်းဖူးတာမဟုတ်တဲ့ အသစ်စက်စက်ကလေး..။

ကိုယ့်ဂုဏ်နဲ့ကိုယ်နေတာ..မဟုတ်မဟပ်တွေပြန့်သွားရင် ကိုယ်အနှစ်နှစ်အလလတည်ဆောက်ထားတဲ့အရာတွေက သဲထဲရေသွန်သလိုဖြစ်သွားရင် ကိုယ်ပဲနစ်နာမှာ..။

ဒီကောင်မလေးနှယ်..စကားပြောရင်ရှေ့နောက်ကြည့်မပြောဘူး ။

ပြီး​တော့ဆရာက ဆရာဂုဏ်နဲ့မို့ဒီနယ်တစ်ဝိုက်ကလူတွေ အကုန်ဆရာ့ကိုဂါရဝေါစရှိကြပြီးသား..သူ့သမီးစကားကြောင့် ဂုဏ်ရည်ပျက်အုံးမယ် ။

" အဲ့ဒါဆိုလည်း မေပျိုမကြိုက်တဲ့နာမည်ကြီးမခေါ်နဲ့ပေါ့.."

တကယ်အဟုတ်ကိုမကြိုက်တာ..။

ဟီရိမေပျိုတဲ့..အရှက်ရှိတဲ့မိန်းမပျိုကောင်မလေးပါပေါ့ ။

မေတ္တ နီတိ (Unicode )Where stories live. Discover now