မေတ္တနီတိ
🌸pann
Part (17)
" အဟီး..ခိခိ..ဟင်းဟင်း..."
စိမ်းစိုနေတဲ့မြက်ခင်းပြင်မှာ မေပျိုရယ်မောရင်းပြေးနေတာ..နောက်မှာ ဉာဏ်ကလည်းမေပျို့ကိုလိုက်ဖမ်းလို့ ။
" ဟင်းဟင်း.....ဟင်းဟင်း...."
မေပျိုနောက်ကိုသူလိုက်နေလို့ ရှေ့ကနေပြေးသွားရင်းနဲ့ သူ့ကိုပြန်လှည့်ကြည့်တော့ သူကအနောက်မှာမရှိတော့..။
" ဟင်.. "
မေပျိုပြေးနေတာရပ်ပြီး နောက်ကိုသေချာလှည့်ပြီး ရှာမိသည်..မတွေ့ ။
ပုန်းလျှိုးစရာ ချုံပုတ်လည်းမရှိပါဘူး..သစ်ပင်ကြီးဆိုလို့လည်း တစ်ပင်တောင်မပေါက်ရောက်နေပါဘူး ။
ပကတိ မြက်ခင်းစိမ်းလွင်ပြင်ထီးထီးကြီးသာ..။
ဒါကို ဉာဏ်ကဘယ်ရောက်သွားတာလဲမသိ..။
" ဉာဏ်.."
မေပျို တီးတိုးလေးခေါ်မိသည်..။
ပြန်ထူးသံမကြား..။
" ဉာဏ်... "
နည်းနည်းကျယ်ကျယ်လေး ထပ်ခေါ်လိုက်သည်..။
ဘာသံမှပြန်မကြားရသလို မြက်ခင်းစိမ်းလွင်ပြင်ကြီးမှာ မေပျိုကလွဲ ဘယ်သူမှမရှိ..။
ရင်ထဲထိတ်လန့်လာပြီး ရှေ့ဆက်မသွားဘဲ မေပျိုနောက်ရင်းပြန်လှည့်ပြေးခဲ့ပြန်သည်..ချစ်ရတဲ့သူရဲ့နာမည်လေးကိုလည်း တကျော်ကျော်အော်ခေါ်ခဲ့ရင်းနဲ့..။
" ဉာဏ်...ဉာဏ့်...ဉာဏ့်..."
မေပျို သံကုန်ဟစ်ခေါ်သည်..။
သူမထွက်လာ..။
" ဉာဏ့်... "
" ဟီရိ..သမီး "
ပြေးနေတဲ့မေပျို့နောက်ကနေ ခေါ်သံကြားလိုက်သည်..။
လှည့်ကြည့်တော့ မျက်နှာကိုတော့မတွေ့ရသေးပေမယ့် အဖေမှန်းမေပျိုသိပါတယ်..မသိချင်ယောင်ဆောင်ပြီး ရှေ့ဆက်ပြေးဖို့ရှေ့ကိုခြေလှမ်းလိုက်ပါသည် ။
" သမီး..ဟီရိ..ဟီရိ "
ခေါ်သံက တဖြေးဖြေးကျယ်လာကာ မေပျိုနဲ့နီးသထက်နီးလာသည်..။
YOU ARE READING
မေတ္တ နီတိ (Unicode )
Random" ကျောင်းဆရာရဲ့သားသမီးဖြစ်တာနဲ့ပဲ စံပြတစ်ယောက်ပါလိုက်ဖြစ်ပေးရမှာလား..သူများလုပ်သလိုနေသလို နေလို့မရဘူးလား..အဆင့်ကောင်းမှ လိမ္မာရေးခြားရှိမှ ပေါင်းသင်းဆက်ဆံရေးကောင်းမှ ဟိုဟာမလုပ်ရဘူးဒီဟာမလုပ်ရဘူးနဲ့ ဒါတွေပဲထပ်ခါထပ်ခါကြားနေရတာ ကြာတော့ကိုယ့်ဘဝကိုယ်ငြီးင...