Part (28)

960 80 3
                                    

မေတ္တ နီတိ





🌸pann




Part (28)






လူတွေက နောင်တကိုဘယ်ချိန်မှရတတ်လဲ..။

နောင်မှရတဲ့နောင်တက ဘယ်အချိန်ကျရင်တိတိကျကျ ရတတ်လဲ..။

တစ်ဖက်သားက နောင်တရလိမ့်မယ်လို့ အတန်တန်သတိပေးနေလည်း နားထဲဝင်ခဲ့တာမျိုးမရှိဘူး..ဆက်လျှောက်တယ် ဆက်ပြီးစွန့်စားတယ်။

ဒီလိုကို တစ်ချို့တွေက ခေါင်းမာတယ်လို့ပြောတတ်ကြတယ်..။

ခေါင်းမာမှုရဲ့နောက်ပိုင်းမှာရတဲ့ရလဒ်တွေကြည့်ပြီး အောင်မြင်တယ်.. ကျရှုံးတယ်..ပြီးတော့...နောင်တရတယ် ။

ဘဝသင်ခန်းစာတွေက ရပ်တန့်နေတယ်မရှိဘူး..ကြုံမြဲကြုံနေရမှာ ။

ကြားဖူးတာလေးလည်းရှိပါတယ်..လူတစ်ယောက် ရင့်ကျက်တာမကျက်တာက သူရှင်သန်နေထိုင်လာပြီး ဖြတ်သန်းခဲ့ရတဲ့အရာတွေနဲ့မူတည်ပါတယ်တဲ့..။

ဒါဆို မေပျို့ရင့်ကျက်မှု..။

တွေးခေါ်မှု..။

ဆင်ခြင်တတ်မှုတွေက အဲ့နေ့ကမှအစပျိုးမိလိုက်တာ..အဲ့နေ့ကမှ ။

" မင်းတို့ကကြိုရောက်နေကြတာလား.."

" မင်းက ခုမှပေါ်လာရအောင် ဘယ်သဝေထိုးနေလို့လဲ..နောက်ကျလိုက်တာ "

" ဟိုမှာ..ဆော်တစ်ပွေလေးကို သွားကြိုနေလို့..ဆောရီး "

ကျော်စောရဲ့သူငယ်ချင်းက ကောင်မလေးတစ်ယောက်ပါ ထပ်ခေါ်လာသေးသည်..။

ကောင်မလေးကတော့ မေပျို့လိုဝမ်းဆက်လေးနဲ့တော့မဟုတ်..ပေါင်တံထက်နားလေးထိတိုနေတဲ့ တစ်စက်ထဲဖြစ်နေတဲ့ ကိုယ်ကြပ်အင်္ကျီအနီရောင်လေးဝတ်ထားသည်..။

လည်ပင်းပေါက်ကလည်း ကျယ်ပြီး သူ့အင်္ကျီစွန်းတွေက ပခုံးပေါ်လေးလျှောချထားသလို ဒီဇိုင်းမျိုးလေး..။

လိမ်းထားတဲ့မိတ်ကပ်နဲ့လည်းလိုက်တဲ့ပြင် နှုတ်ခမ်းကလည်း နီရဲနေပြန်သည်..။

ဒေါက်မြင့်လေးစီးထားတာမို့ လမ်းလျှောက်တိုင်းကိုယ်လေးကနွဲ့ယိမ်းနေသည်..။

မေတ္တ နီတိ (Unicode )Where stories live. Discover now