Part (34)

1.1K 99 7
                                    

မေတ္တနီတိ




🌼pann



Part (34)





" အ့..အ့..အိုး..ဝိုး..အမေ့ရေ့..."

ကျွန်တော်အိမ်ထဲရောက်တော့ ဟီရိမေပျို အော်သံကြားရတာမို့ ကိုယ့်လုပ်စရာရှိတာတန်းမလုပ်သေးဘဲ ဟီရိမေပျိုရှိတဲ့နေရာဆီသွားလိုက်သည်..။

" ဖောက်...အမေး..ဟေးဟေး.."

မီးဖိုချောင်မှာ ဇွန်းကြီးကိုင်ပြီးအော်ဟစ်ခုန်ပေါက်နေတဲ့ ဟီရိမေပျိုကိုတွေ့ပြီ..။

မီးဖိုခန်းလေးတစ်ခန်းထဲကို သူပတ်ပြေးနေတာကမရောက်​သေးတဲ့ နေရာများကျန်ပါအုံးမလား..။

ဟင်းချက်တဲ့သူကလည်း ဒယ်ပိုင်းနဲ့မိုင်တစ်ရာအဝေးမှာ..။

ဟင်းအိုးကဖြင့် ဆီပူတွေခုန်ထွက်ပြီး မီးခိုးတောင်စထွက်လာနေပြီ..။

" ဖောက်.. "

ဒယ်အိုးကဆီတွေကလည်း တဖောက်ဖောက်နဲ့မြည်နေတာမို့ ကျွန်တော်ပဲမီးကိုအရင်ပြေးပိတ်လိုက်ရသည်..။

ကျွန်တော်မှမချရင်လည်း အိမ်တစ်အိမ်လုံးမီးခိုးတွေနဲ့ပြည့်တော့မည်..။

" ဖောက်..ဖောက်.. "

" ဦးဒီပ ဆီပူစင်မယ်နော်.. "

ကျွန်တော် ဒယ်အိုးနားသွားတော့လူကိုလှမ်းမှာနေတာ..။

စိတ်ပူပေးတာလား..။

ဒါဆိုရင်တော့ ကျေးဇူးတင်စရာပေါ့လေ..။

" ပေး..လက်သုတ်ဝတ် "

" ဟင်..အင်..အင်း "

ယောင်ရမ်းပြီးကိုင်မိထားတဲ့ လက်သုတ်ဝတ်ကိုနေရာမှာတင်ပဲရပ်ကာ လက်ကိုပဲရှေ့တိုးပြီးလူကြီးကိုလှမ်းပစ်ပေးလိုက်သည်..။

" မှန်မယ်နော်.. "

" ရတယ်.. "

လူကြီးက ဒယ်ပိုင်းကိုမီးပေါ်ကနေချလိုက်သည်..။

" ဒါ..ဘာကြော်နေတာလဲ "

အရောင်ကမဲနေတော့ ဘာမှန်းကောင်းကောင်းခွဲမရတော့ မေးလိုက်ရသည်..။

" ကြက်ဥလေ.. "

" အဟွင့်..မင်းကြက်ဥကလည်း သူ့ဂုဏ်ရည်တောင်ပျက်နေပြီ "

မေတ္တ နီတိ (Unicode )Where stories live. Discover now