Part (13)

834 56 11
                                    

မေတ္တနီတိ


🌸pann


Part (13)



မေပျိုတစ်ယောက်ထဲ အခန်းထဲမှာ ခြေများပြီးလောနေရသည်..။

ကျူရှင်ချိန်စဖို့ကနီးနေပြီ..ဉာဏ်ကလာတော့မယ် ။

သူ့ရှေ့မှာလှတပတလေးနေချင်တာ..မနက်ကတည်းက တွေးထားပြီးသား ရေချိုးခေါင်းလျှော်မယ် သနပ်ခါးလိမ်းမယ် အင်္ကျီလှလှလေးဝတ်မယ်..။

အားလုံး ကိုယ့်အစီစဥ်နဲ့ကိုယ် အံဝင်ဂွင်ကျရှိပြီးသား..။

အဲ့လိုချိန်မှ ဝင်ဖျက်တာအိမ်ကအဖေ..။

ဒီနေ့မှ အိမ်သန့်ရှင်းရေးလုပ်ကြမယ်ဆိုပြီး မေပျိုကိုပါ ကူခိုင်းတာ..။

အိမ်ကိုမသန့်ရှင်းရတာကြာပြီဆိုပြီးလေ..။

အိမ်ရှေ့ကခုံတွေဖယ် ဂျိုဂျောင်ကြားတွေကအစမကျန် တံမြက်စည်းနဲ့လှည်းထုတ်..အဖေက အထပ်မှာကပ်နေတဲ့အိမ်မြှောင်အိမ်တွေကို တံမြက်စည်းအရှည်နဲ့ အောက်ကနေလှမ်းလှည်း..။

ဖုန်တက်နေတဲ့ပစ္စည်းတွေကိုလည်း ဖုန်သုတ်..လွှတ်ပစ်တန်တာလွှတ်ပစ် ထားသင့်တန်တာကိုထားပြီး ပြန်လည်သိမ်းဆည်းရသေးတယ်..။

ဆေးကြောသင့်တာတွေလည်းယူပြီးဆေးကြော..ပြီး သူ့နေရာသူပြန်ထား ။

ကြမ်းလည်းတိုက်..။

အို..တနေကုန်နီးပါး အလုပ်တွေရှုပ်နေတာပါ။

သန့်ရှင်းလက်စနဲ့ အိပ်ခန်းတွေပါသန့်ရှင်းကြမယ်ဆိုတော့ စောင်တွေအခင်းတွေပါ ဆွဲထုတ်ပေးရသည်..။

အဖေကတော့ ဒိုင်ခံလျှော်..။

ကျူရှင်ချိန်နီးလေ မေပျိုကပိုအလျင်လိုလေ..မြန်မြန်လည်းပြီးချင်နေလေ ။

အမြန်လိုအနှေးနဲ့တွေ့ဆိုသလို တစ်ခုလုပ်ရင်တစ်ခါထဲနဲ့မပြီးသွား..အပြန်ပြန်လုပ်နေရတာနဲ့အချိန်ကပိုလင့် ။

စိတ်တွေမရှည်ဆို..။

ဒါတောင် ကျူရှင်ချိန်ရောက်ဖို့နာရီဝက်အလိုလောက်မှ ကြိုပြီးလို့..။

" ဟီရိရေ..လက်ဆေးပြီးထမင်းစားရအောင် "

" ဟင့်အင်း...ရေချိုးလိုက်အုံးမယ် "

မေတ္တ နီတိ (Unicode )Where stories live. Discover now