Part (12)

879 55 10
                                    

မေတ္တနီတိ


🌸pann


Part (12)



မေပျိုရဲ့ ဒုတိယအချစ်သစ်က ပထမနဲ့မတူတော့..။

တစ်ယောက်ထဲကြိတ်ချစ် တစ်ယောက်ထဲသဘောကျ တစ်ယောက်ထဲအရူးလိုပျော်တာမျိုးလို ဒီတစ်ခေါက်တော့မဟုတ်ခဲ့..။

မေပျို သဘောကျရတဲ့သူကလည်း မေပျိုကိုပြန်သဘောကျတယ်တဲ့..ဒီထက် ပျော်စရာမျိုးဘယ်မှာရှိတော့မှာလဲ ။

အဲ့နေ့က...

" ဟီရိ..ညနေကျောင်းဆင်းရင် အိမ်တန်းမပြန်သေးနဲ့အုံးနော် "

အဖေ မေပျိုတို့အတန်းမှာသင်္ချာသင်ပြီး ပြန်ထွက်မသွားခင် မေပျိုခုံနားရပ်ကာတီးတိုးမှာသွားသည်..။

အဖေကမှာသွားတော့လည်း မေပျို ညနေအိမ်တန်းပြန်မရသေး..ကျောင်းဆင်းတာနဲ့အဖေ့ရုံးခန်းရှေ့သွားတော့ အဖေကရုံးခန်းမှာရှိမနေ။

ဆရာဆရာမတွေစုပေါင်းပြီးနေတဲ့ရုံးခန်းထဲမှာ ဝင်မစောင့်ချင်တာနဲ့ အခန်းရှေ့ကဝရံတာနားမှာပဲ မတ်တပ်ရပ်စောင့်နေလိုက်သည်..။

ကျောင်းပေါက်ဝမှာတော့ အပြုံရုံထွက်နေကြတဲ့ကျောင်းသားကျောင်းသူတွေ..။

မေပျို ကျောင်းပေါက်ဝကိုငေးနေချိန် ကလေးလေးတစ်ယောက်က မေပျို့ဘေးနားထိပြေးလာကာ..

" အစ်မ..ဆရာကြီးက ကျောင်းအုပ်ရုံးခန်းဘက်လာခဲ့လို့ ပြောလိုက်တယ် "

" ဟင်..အစ်မကိုလား "

" ဟုတ်ကဲ့.."

ကလေးငယ်ကတော့ ခေါင်းညိတ်ပြပြီး ပြေးထွက်သွားပြီ..။

မေပျိုမှာသာ စိုးရိမ်စိတ်တစ်ဝက်နှင့် ကျောင်းအုပ်ရုံးခန်းဘက် လျှောက်သွားလိုက်သည်..။

ဘာများပါလဲနော်..မေပျိုအပြစ်လုပ်ထားတာလည်းမရှိပါဘူး ဘာလို့မေပျိုကိုရုံးခန်းခေါ်ပါလိမ့်..။

အပြစ်မလုပ်ထားပေမယ့် ကြောက်နေသည်..။

လမ်းလျှောက်ရင်း လက်သည်းခြေသည်းတွေကို စစ်ကြည့်ရသည်..။

" မရှည်ပါဘူး.."

ဟိုတစ်ခေါက်ကတည်းက မှတ်သွားတာ..ထပ်ပြီးတော့တောင် လက်သည်းရှည်တွေမထားရဲ။

မေတ္တ နီတိ (Unicode )Where stories live. Discover now