Part (9)

929 64 8
                                    

မေတ္တနီတိ


🌸pann


Part (9)


မေပျို စက်ဘီးကိုပုံမှန်ထက်နည်းနည်းပိုပြီးနင်းနေတာ..မနင်းလို့လည်းမဖြစ်သေးဘူးလေ..ဒီနေ့ကမေပျိုရဲ့အသင်းတာဝန်ကျတဲ့နေ့..။

ဒီနှစ်တော့မေပျိုက ဗန္ဓုလ အပြာသင်းပါတဲ့..။

မနှစ်ကဖြစ်ချင်လွန်းခဲ့တဲ့အပြာသင်းက ဒီနှစ်မှလာပြီးအပြာသင်းကျလို့ပါ..။

တစ်ခါတလေ နောက်ကျလွန်းနေမှကိုယ်လိုချင်တဲ့အရာကို ပိုင်ဆိုင်ခွင့်ရလည်း ပျော်ရွှင်ပြီးရင်ခုန်စိတ်လှုပ်ရှားရတာတွေ နတ္ထိဖြစ်သွားတတ်တယ်..။

ခံစားချက်တွေက ဗလာကျင်းနေတတ်တယ်..။

လိုချင်လွန်းတဲ့အရာကိုရလည်း ခံစားချက်တွေက ရေပြင်ညီလိုငြိမ်သက်နေသည်..လွန်သွားခဲ့ပြီလေ အချိန်တွေက ။

အချိန်တွေလွန်သွားခဲ့ပြီးမှ လိုချင်တာပေးလည်း မလိုအပ်တော့ဘူးလေ..။

အစ်ကိုက ခုဆိုအဝေးမှာပျော်နေလောက်ရောပေါ့..ထပ်ပြီးနီးစပ်ဖို့အကြောင်းလည်း မတွေ့ပါဘူး ။

" ဟေ့..ဟီရိမေပျို "

အတွေးတွေလွန်နေတဲ့ချိန် အနောက်ကနေကြားရတဲ့အသံကြောင့် လှည့်ကြည့်လိုက်သည်..။

ဉာဏ်ထက်..။

ဉာဏ်ထက်က ပြုံးပြရင်းစက်ဘီးကိုအရှိန်တင်မောင်းရင်း မေပျိုနားကပ်လာသည်..။

" နောက်ကကြည့်နေတာ..ဟီရိမေပျိုဟုတ်လား မဟုတ်လားနဲ့ "

" ဘာဖြစ်လို့လဲ.."

" ဘာမှမဖြစ်ဘူး..ကျောင်းသွားရင်းစကားပြောဖော်ရှာနေတာ လမ်းမှာကျောင်းသားကျောင်းသူတွေသိပ်မရှိတော့ ငါလန့်လို့.."

" ဟင်.."

" ဒီနေ့ နင့်အသင်းနေ့မလား.."

" အင်.."

" ငါရော..ကျောင်းစောစောလာရတော့ တစ်လမ်းလုံး ငါတစ်ယောက်ထဲဆိုတော့ကြောက်တာပေါ့..အကြောက်ပြေအောင် စကားပြောဖော်ရှာနေတာ "

" ဟမ်..နင်ကကြောက်တယ် "

" အင်းဟွင်း..ကြောက်တယ်လေ ဘာဖြစ်လို့လဲ.."

မေတ္တ နီတိ (Unicode )Where stories live. Discover now