Part (37)

1.2K 96 8
                                    

မေတ္တနီတိ





🌼pann



Part (37)





ကျွန်တော် ဆရာနဲ့ဖုန်းပြောနေတာ..။

ဟီရိမေပျို ဖုန်းမဆက်ခင်အရင်ဦးဆုံးလာကြိုတာမို့ ဆင်းခါနီးပြီလား မဆင်းသေးဘူးလားဆိုတာမသေချာနေ..။

ကားထဲမှာလည်းထိုင်ပြီး စောင့်မနေချင်တာနဲ့ ထွက်ရပ်နေတဲ့ချိန် ဆရာကလည်းဖုန်းဆက်လာတာမို့ ဖုန်းရပ်ပြောနေတာ..။

" ဟုတ်ကဲ့..ကျွန်တော် အင့် "

ရုတ်တရက်ကြီး ပွေ့ဖက်ခံလိုက်ရတာ..။

ခေါင်းငုံ့ပြီးကြည့်လိုက်တော့ ပုံစံလေးကရင်းနှီးနေတာမို့..

" ဟီ.. "

" ဦးဒီပကို မေပျိုချစ်မိနေပြီထင်တယ်.. "

သူ့ပခုံးလေးကိုကိုင်ပြီး ကျွန်တော့်ကိုယ်နဲ့ခွာဖို့လှမ်းတဲ့လက်လေးတောင် လေမှာတန့်သွားရသည်..။

" ......... "

ကျွန်တော့်ဘက်ကလည်း ဘယ်လိုစကားနဲ့ပြန်တုံ့ပြန်ရမယ်မသိ..။

မေပျို့စိတ်ကိုမေပျိုပြောပြချင်လို့ ပြောလိုက်ရုံလေးပါ..။

ချစ်နေတယ်ဆိုရင် ချစ်တယ်ဆိုတဲ့စကားကိုထုတ်ပြောလိုက်သင့်တာပဲမဟုတ်လား..။

လူကြီးဆိုပြတဲ့သီချင်းထဲမှာလို ဝေးသွားပြီးမှ သေသွားကျမှ ကိုယ်ချစ်နေတဲ့အကြောင်းကိုတဖွဲ့တနွဲ့ပြောပြနေလည်း အသုံးမှမဝင်တော့တာ..။

တစ်ဖက်လူလည်း ကိုယ့်အချစ်ကိုမမြင်နိုင်တော့ဘူးလေ..ကိုယ်တစ်ယောက်ထဲ ထွက်မရတော့တဲ့နွံထဲပဲ ဆက်နစ်နေဖို့လမ်းပဲရှိတော့တာ ။

တစ်ယောက်ထွက်သွားလို့ ထွက်သွားတဲ့ချိန်မေပျိုအပြည့်ဝဆွေးချင်ဆွေးလိုက်မည်.. လွမ်းချင်လွမ်းလိုက်မည် ။

အဲ့ဒါ တစ်ကဏ္ဍ..။

အတူရှိနေတဲ့ချိန်လေးမှာလည်း မေပျိုတို့အချိန်တွေသက်သက်မဖြုန်းနေသင့်ဘူး မဟုတ်လား..။

ဝေးသွားမှအိပ်မက်တွေမက်ပြီးရင်းမက်နေရင်း သူ့ပုံရိပ်ကိုမှန်းယောင်ပြီး ဆွဲဖက်မထားချင်ဘူး..။

မေတ္တ နီတိ (Unicode )Where stories live. Discover now