Part (19)

953 70 19
                                    

မေတ္တနီတိ


🌸pann


Part (19)


" ဟာ..မေပျိုကဘာလို့သွားရမှာလဲ "

ထမင်းစားပြီး ဧည့်ခန်းခဏလာခဲ့အုံးပြောတော့ မေပျိုသွားထိုင်လိုက်သည်..။

ထပ်ပြီးနိုင်ဝင်းနဲ့ဖြတ်လို့ပြောမယ်မှတ်နေတာ..ပြောလည်းနားထောင်ဖို့စိတ်ကူးမရှိပါဘူး နိုင်ဝင်းကရန်သာဖြစ်တာ ကျန်တာတော့မေပျို့အပေါ်ကောင်းရဲ့သားနဲ့ မေပျိုကသူနဲ့ဘာလို့ဖြတ်ရမှာလဲ..။

ပြီးတော့လည်း နိုင်ဝင်းကမေပျို့ကိုသိပ်ချစ်တာကြီး..သူ့အသည်းကိုမခွဲရက်ပါဘူး ။

မေပျိုလည်းသူ့ကိုသံယောဇဥ်ရှိနေပါပြီ..ဒါကိုထပ်ပြီးမခွဲကြပါနဲ့တော့ ။

ကိုယ့်မှာတော့ အဖေကဖြတ်ခိုင်းရင်ဘယ်လိုစကားပြောပစ်မယ်ဆိုပြီး စကားလုံးစီနေသလောက် ပြောလာတာက စစ်ကိုင်းသွားနေတဲ့..။

ဘာကိစ္စမေပျိုက စစ်ကိုင်းသွားရမှာလဲ..။

မသွားနိုင်ပါဘူး..အသိမရှိအချစ်မရှိတဲ့နေရာမှာ ။

မသွားဖို့အပြတ်​ပြောပြီး ခုံကနေထလိုက်သည်..။

" ပြန်ထိုင်စမ်း ဟီရိ.."

" အဖေ့ "

" ငါ ညည်းအဖေမှန်းသိသေးရင် အဖေစကားနားထောင်..တက္ကသိုလ်တက်ရင်လည်း ညည်းစစ်ကိုင်းမှာပဲတက်ရမှာ ဟိုမှာနေဖို့ထိုင်ဖို့ကအစငါပြင်ပေးပြီးသွားပြီ..အားလုံးပြောဆိုပြီးသွားပြီ မနက်ဖြန်လောက်ဆိုညည်းကိုလာခေါ်လိမ့်မယ် အဝတ်စားတွေအကုန်အဆင်သင့်ထည့်ထား.."

မနက်ဖြန်ပါတဲ့..။

လူကိုငြင်းဆိုခွင့်တောင်မပေးဘဲ အဖေ့စိတ်ကြိုက်လုပ်ချလာတာ..ဒါ ဖြစ်သင့်လား။

" မေပျို့သဘောထားတောင် မမေးဘဲ ဒီလိုလုပ်လာတော့ ကောင်းသလား.."

" ဘာ..သဘောထား ဟက်လား..ညည်းကရောဘယ်တုန်းကများ ဒီအဖေရဲ့သဘောဆန္ဒတွေ လိုက်လျောပေးခဲ့ဖူးလဲ..ဖအေကဒါမကြိုက်ရင် ညည်းအလိုက်တသိနဲ့ရှောင်သွားပေးလား တည့်တည့်ကြီးကိုနင်းချတာလေ..ပြောပါအုံး..ဘယ်သူကဘယ်သူ့သဘောထားကို ဆန့်ကျင်နေတာလဲဆိုတာ "

မေတ္တ နီတိ (Unicode )Where stories live. Discover now