Part (33)

1.1K 98 6
                                    

မေတ္တနီတိ





🌼pann



Part (33)




မေပျိုတို့မင်္ဂလာပွဲက ကျောင်းကသူတွေလာတော့လာကြပေမယ့် သိပ်မများ..။

ကျော်စောလည်းမလာပါဘူး..။

မလာကြလည်းဘာမှမဖြစ်ပါဘူး..ဖိတ်စာတော့သူတို့တွေမြင်ထားကြပြီးပြီပဲ ။

မင်္ဂလာပွဲလေးကတော့ အေးအေးချမ်းချမ်းလေးပြီးသွားပါသည်..။

ဘုန်းကြီးကျောင်းမှာ အားလုံးကိုသေချာသန့်ရှင်းရေးလုပ်ပေးခဲ့ပြီးမှ မေပျိုတို့တွေအိမ်ပြန်လာခဲ့ပါသည်..။

အိမ်ရောက်တော့မှ မေပျိုတို့အဖေ့ကိုအတူကန်တော့လိုက်သည်..။

" ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းဖက်ရပါစေ..အနာတရကင်းရှင်းပြီး အချင်းချင်းဖေးမကူညီစောင့်ရှောက်နိုင်ပါစေ..သားတွေသမီးတွေနဲ့သိုက်သိုက်ဝန်းဝန်းရှိတဲ့မိသားစုလေး ပိုင်ဆိုင်ရပါစေ..စီးပွားလာဘ်လာဘတွေလ​ည်း တိုးတက်ကြီးပွားပါစေ.."

" ပေးတဲ့ဆုနဲ့ပြည့်ပါစေ.."

" ခုကစ အချင်းချင်းဖေးမစောင့်ရှောက်သွားကြနော်..သားကလည်းငါအကြီးငါပြောတာအမှန်ဆိုပြီး တစ်ဖက်သတ်ဆုံးဖြတ်ချက်မချရဘူး..ဘာမဆိုနစ်ယောက်အတူတိုင်ပင်.. "

" ဟုတ်ကဲ့.. "

" သမီးကလည်း သားကိစ္စဆိုပြီးလက်လွှတ်စပယ်မပစ်ထားရဘူး..ကိုယ့်စိတ်ကြိုက်ကိုယ့်သဘောအတိုင်းမနေရဘူး ကိုယ်လုပ်ချင်တာဖြစ်ချင်တာရှိရင် သားနဲ့အတူတိုင်ပင်ဆွေးနွေးပြီး ညှိနှိုင်းရမယ်..အရင်လိုမနေရတော့ဘူး...ခုကစသမီးက အိမ်ထောင်ရှင်မတစ်ယောက် ဖြစ်နေပြီ ဒီအိမ်ဒီခြံမှာခဏတာလာနေမယ့် ဧည့်သည်မဟုတ်တော့ဘူး..အိမ်ရှင်မဖြစ်နေတော့ အစစအရာရာထိန်းသိမ်းပြုပြင်ရမယ်..အဖေပြောတာ ကြားလား.."

" ဟုတ်ကဲ့.. "

" အေးပါ..ကျန်တာတော့ မှာစရာထွေထွေထူးထူးမရှိပါဘူး အချင်းချင်းညှိနှိုင်းပြီး ဘယ်အခက်ခဲမဆိုအတူဖြေရှင်းဖို့ပဲ လိုတယ်..တစ်ယောက်ထဲရှင်းဆိုပြီး တစ်ယောက်ထဲခေါင်းပေါ်မှာပဲ ပုံမထားရဘူး..နှစ်ကိုယ့်တစ်စိတ်ဖြစ်ဖို့ပဲလိုတယ်..ကျန်တာသူ့အလိုလို ဖြစ်သွားလိမ့်မယ် "

မေတ္တ နီတိ (Unicode )Where stories live. Discover now