Part (15)

903 60 11
                                    

မေတ္တနီတိ


🌸pann


Part (15)



ဘူးတစ်ရာကိုသာ အဖုံးလိုက်ပိတ်နိုင်ချင်ပိတ်နိုင်မယ်..ပါးစပ်ပေါက်တစ်ရာကိုတော့ မပိတ်နိုင်ဘူး ဆိုတဲ့စကား မေပျိုတို့မေ့နေခဲ့သည်..။

ကမ္ဘာပေါ်မှာ လျှို့ဝှက်ချက်ဆိုတာ မရှိတော့ဘူးဆိုတာလည်း မေပျိုတို့မသိခဲ့..။

အရာရာကိုပိုင်လှပြီ..ငါတို့တော်လှပြီ သူများကိုဖုံးကွယ်ထားနိုင်တယ်လို့ ထင်ပြီးကိုယ့်ကိုယ်ကိုယ် အထင်တွေကြီးဖူးခဲ့သည်..။

ဒါပေမယ့် မေပျိုတဲ့သွားတဲ့ခြေလှမ်းတွေက ခြေရာကျန်နေခဲ့သည်..။

" တီ..ဂျောက် "

ဉာဏ်ထက် အိမ်ထဲကိုစက်ဘီးအမြန်နင်းဝင်ကာ ဘရိတ်ပြင်းပြင်းညှပ်ဆွဲကာရပ်လိုက်ပြီး စက်ဘီးဒေါက်ကို ခြေဖျားနဲ့ခပ်ကြမ်းကြမ်းဆွဲချလိုက်သည်..။

အသာယာလုပ်ဖို့မှ စိတ်မကြည်နေတာ..။

အားကစားမှာဆုတွေစီပြီးရလာပေမယ့် မေနဲ့ဒီနေ့စကားပြောရပြန်သည်..။

ကောင်မလေးတစ်ယောက် ရေဗူးပေးတာကိုကျွန်တော်ကမငြင်းဘဲ သောက်လိုက်လို့ပါတဲ့..။

သူက ကျွန်တော့်တစ်​ယောက်ထဲပေးတာမဟုတ်ဘူး..ဆရာကြီး​တွေကိုက ကျွန်တော်တို့အဖွဲ့အတွက် မုန့်တွေဝယ်ကျွေး ရေတွေဝယ်တိုက် အချိုရည်ဗူးတွေပေးနဲ့ လုပ်ပေးတာ..သူ့အသင်းသားတွေအတွက် ။

ဒါလည်း ကျွန်တော်တို့အပြာသင်းပဲ မဟုတ်ဘူး..သူ့အသင်းသား ဆရာဆရာမတွေက အသင်းအတွက် ဝယ်တိုက်ပေးပြီးသား ။

ဝယ်တိုက်ပေမယ့် ကောင်မလေးတစ်ယောက်နှစ်ယောက်ကို ဝေခိုင်းတာ..အဲ့ဒါကိုကျွန်တော်ယူသောက်တာလေ ။

ဒါလည်း ကျွန်တော့်အမှားပါတဲ့..။

ရှင်းပြလည်း နားမထောင်..သူပြောချင်တာသူ​ပြောတာ ..ရှင်းပြလည်းနားမထောင်တဲ့သူကို နေတော့ဆိုပြီး ကျွန်တော်စကားဆက်မပြောဘဲ ထွက်လာခဲ့လိုက်သည်..။

အဲ့လောက်ထိ ရှင်းပြ​ပြောပြနေရတာမျိုး မကြိုက်ဘူး..အကျိုးသင့်အကြောင်းသင့် နားလည်ပေးစေချင်တာ ။

မေတ္တ နီတိ (Unicode )Where stories live. Discover now