Part (10)

1K 69 11
                                    

မေတ္တနီတိ


🌸pann


Part (10)


ကျောင်းပိတ်ရက်မို့ ဒီနေ့အိမ်မှာသာ..။

တနေကုန်အိမ်မှာနေရတာပျင်းနေတာရယ် မုန့်လေးဘာလေးစားချင်သေးတာရယ်ကြောင့် အဖေ့နားပိုက်ဆံတောင်းကာ ညနေပိုင်းလမ်းလျှောက်ထွက်ခဲ့လိုက်သည်..။

ဒီနေ့စက်ဘီးလည်းမစီးချင်နေဘူး..။

လမ်းပဲအေးဆေးလျှောက်ချင်နေတာ..။

" မမကြိုင်..မမကြိုင် "

" ရေး..လာပြီ လာပြီ..ခဏ "

ခဏလို့အော်နေတော့ မေပျိုဆိုင်ပေါက်ဝမှာပဲရပ်နေရရင်း မုန့်ထုပ်တွေလိုက်ငေးကြည့်မိသည်..။

" မေပျိုရေ..ဘာယူမှာလဲ "

" မမကြိုင်ကလည်း ဆိုင်သာဖွင့်ထားတာ..အမြဲနောက်မှာချည်း "

" တစ်ယောက်ထဲဆိုတော့မနိုင်လို့ပါဟယ်..ဟင်းအိုးလည်းကြည့်နေရသေးတယ်.."

" အကူတစ်ယောက်လောက်ခေါ်ပေါ့..မေပျိုလုပ်ပေးရမလား "

" တော်ပါပြီဟယ်.. အပိုတန်းတွေအကုန်မခံချင်ပါဘူး ငါတစ်ယောက်ထဲဆိုလည်းရပါတယ်.."

" လိုရင်တော့ပြောနော်.."

" အဟင်း..အေးပါ "

" မုန့်တွေဒီနေ့စုံသားပဲ.."

" အေး..မနက်ကမှ ငါစျေးသွားထားတာ မုန့်ပို့တဲ့သူလည်းဒီနေ့ရောက်လာတယ်လေ..အဲ့ဒါကြောင့်စုံနေတာ ကြိုက်တာစား.."

" အင်းပါ.."

မေပျိုစားချင်တဲ့အထုပ်လေးသာ တစ်ထုပ်ပြီးတစ်ထုပ်ယူနေလိုက်သည်..။

အများကြီးတော့မဟုတ်ပါဘူး..တစ်ထောင်ဖိုးအပြည့်လောက်ပါပဲ ။

" ကျီ..တောက် "

" အစ်မရေ..vcode အနက်တစ်ဗူးလောက် "

ပြေးလွှားဝင်လာရင်း ပြောတဲ့အသံကိုကြားဖူးတယ်မှတ်လို့ လှည့်ကြည့်တော့ ဉာဏ်ထက်..။

မေပျိုလှည့်ကြည့်တော့ သူကလည်းလှည့်ကြည့်လာတာနဲ့ဆိုင်သည်..။

" ဪ..ဘယ်သူများလဲလို့ ဟီရိမေပျိုပါလား.."

" အင်း.."

မေတ္တ နီတိ (Unicode )Where stories live. Discover now