Part (32)

1K 91 11
                                    

မေတ္တနီတိ




🌼pann



Part (32)




မေပျို တံခါးဝမှာရပ်ပြီးအဖေ့ကိုကြည့်ကာ မျက်ရည်ကျမိသည်..။

အဖေက ဒီသမီးအတွက်ဒူးထောက်ပြီး ကျေးဇူးတင်သတဲ့..။

အဖေရောက်လာတဲ့ချိန်အဖေ့ကို ​သစ်ပင်အောက်ကနေမြင်လိုက်ပါတယ်..အိမ်ဘက်ပြန်သွားရမလား မသွားရမလား နဲ့ အတွေးတွေရှုပ်နေခဲ့တာ ။

အဖေ့ကိုရင်မဆိုင်ရဲလို့ ထွက်ပြေးရှောင်ချင်ပေမယ့် မဖြစ်သေးဘူးလေ..ဘယ်လိုဖြစ်ဖြစ် ဆုံရမှာပဲဆိုတော့ ။

ကြောက်ပေမယ့် ကိုယ့်စိတ်ကိုယ်အားပေးရင်း အိမ်ဘက်ပြန်လာခဲ့လိုက်မှ အဖေနဲ့လူကြီးတို့စကားပြောသမျှတွေ ကြားရတဲ့ပြင် အဖေဒူးထောက်လိုက်တာပါ မြင်လိုက်ရသည်..။

လိုအပ်လို့လား အဖေ..။

အဲ့လောက်ထိ လိုအပ်လို့လား.. ။

ဖအေတစ်ယောက်လုံးရဲ့ ဒူးထောက်နေတဲ့ပုံကိုမြင်ရတဲ့သားသမီးစိတ်ထဲမှာ ကောင်းနေနိုင်သေးရိုးလား..။

နေရာမှာတင်ကြက်သေ​သေသလို ငူငိုင်ငိုင်ကြီးရပ်နေမိရင်း မျက်ရည်တွေပဲဝဲလာမိသည်..။

မေပျိုကြောင့် ဖြစ်ရတာ..။

ဒါတွေက မေပျိုကြောင့်ဖြစ်လာရတဲ့အကြောင်းတွေချည်း..။

မေပျိုသာ လိမ်လိမ်မာမာနေခဲ့ရင်..။

" ဟော..မေပျို အိမ်ထဲမဝင်လာဘဲ ဘာရပ်လုပ်နေတာလဲ.. လာလေ "

ကိုပေါက်စီကမေပျို့ကိုတွေ့ပြီးခေါ်တော့မှ အဖေနဲ့လူကြီးလည်း မေပျို့ကိုမြင်သွားသည်..။

မေပျိုအဖေနဲ့မျက်လုံးချင်းဆုံလိုက်မိတော့ ရှေ့ဆက်မတိုးရဲတော့..။

" ဟီရိ.. "

" ............ "

ဘာကြောင့်ရယ်လို့မှန်း အချိန်ပေးစဥ်းစားနေဖို့အချိန်မပေးတော့ဘဲ မေပျိုအိမ်ထဲမဝင်ဘဲ လှည့်ပြန်ထွက်ခဲ့လိုက်သည်..။

" ဟီရိ..ဟီရိ "

အဖေလိုက်လာပုံရသည်..အသံက မေပျို့နောက်ကျောနဲ့မဝေးနေ ။

မေတ္တ နီတိ (Unicode )Where stories live. Discover now