Part (29)

995 86 7
                                    

မေတ္တနီတိ






🌼pann




Part (29)





ညနေဆောင်းတော့ မေပျို နိုးလာသည်..။

" အား..ကျွတ် ကျွတ်.. "

နိုးနိုးချင်း အရင်သိရတာက မေပျို့ခေါင်းတွေခဲအုံပြီး ကိုက်နေသည်..။

ခေါင်းကိုလက်နဲ့ဖိကိုင်ထားပြီး ထထိုင်လိုက်သည်နဲ့ ထပ်ပြီးခေါင်းထဲရောက်လာပြန်တဲ့အကြောင်းက ကျော်စောတို့နဲ့ပတ်သက်ပြီး..။

" ဟင်.. "

မေပျို လန့်ပြီးကိုယ့်ပတ်ဝန်းကျင်ကို ပတ်ပတ်လည်ကြည့်လိုက်မိသည်..။

အခန်းကမေပျိုနဲ့မစိမ်းသက်တဲ့အခန်းမို့ စိတ်ချမိပြန်ပေမယ့်..

အရင်လိုမေပျို့စိတ်တွေ မလန်းတော့..။

စိတ်ထဲ တင်းခံနေပြီး ရယ်မရငိုမရဖြစ်နေသည်..။

မနက်ကကြုံတွေ့ခဲ့တဲ့အကြောင်းရာနဲပတ်သက်ပြီးလည်း မေပျို့မှာမေ့ပျောက်ချင်လို့ဖျက်ပစ်ဖို့ကြိုးစားလည်း အရာမထင်..။

အရာအားလုံး ကွက်ကွက်ထင်းထင်းသာ..။

မေ့ဖျောက်ဖို့ မေပျို ဘာနဲ့ဖျက်ရမလဲ..။

ဘာနဲ့ဖျက်လို့ရမလဲ..။

" နိုးပြီလား.. "

လူကြီးက တံခါးကိုဖွင့်ပြီး တံခါးဝမှာပဲရပ်ကာမေးနေတာ..အထဲကိုတော့မဝင်လာ ။

ဘာလဲ..မေပျို့ကို ရွံသွားလို့လား ။

" ငါကမင်းမနိုးသေးဘူးထင်လို့ လာကြည့်တာ..နိုးပြီဆိုရင်လည်း အဝတ်စားလေးအရင်လဲလိုက်အုံး"

ဒါလေးပဲပြောပြီး တံခါးပြန်ပိတ်ပေးခဲ့ပြန်သည်..။

မေပျို့စိတ်ထဲ ဝမ်းနည်းပျို့တက်လာသည်..။

တစ်ခါမှဒီလောက်ထိဝမ်းမနည်းခဲ့ဖူးဘူးထင်ပါတယ်..ရင်ထဲမှာတော့ သိမ်ငယ်စိတ်တွေတော်တော်ပြည့်ညပ်နေပြီ ။

ဖျောက်မရ..ချေမရ..လွှတ်ပစ်မရတဲ့ထဲ ခံစားချက်တွေလည်း ပါလောက်မယ်ထင်ပါတယ်..။

ကိုယ်ကိုယ်တိုင်ကလည်းအမှားတွေလုပ်လာတာမို့ ဘယ်သူ့ကိုမှ ပြန်အာမခံရဲ..ဘယ်သူနဲ့မှလည်း စကားရဲရဲမပြောရဲ ။

မေတ္တ နီတိ (Unicode )Where stories live. Discover now