Part (20)

1.1K 73 5
                                    

မေတ္တနီတိ



🌸pann


Part (20)



မေပျိုတို့ ထွက်လာတော့ အ​ဖေကအိမ်ရှေ့ထိတောင်ထွက်မရပ်လာ..။

အဖေဖြစ်သူက သမီးထွက်သွားတဲ့ကျောပြင်ကိုမငေးကြည့်နိုင်လို့ တာ့တာပြပြီးနှုတ်မဆက်ပြနိုင်လို့ အိမ်ထဲကနေပဲလှမ်းကြည့်ပြီးမျက်ရည်ကျနေတာတော့ မေပျိုမသိခဲ့လိုက်..။

သိမှာလည်းမဟုတ်ပါဘူး..။

အဖေ ပြန်မပြောပြရင်ပေါ့လေ..။

ငှားလာတဲ့တက္ကစီပေါ်မတက်ခင် မေပျိုတွေ့လိုက်ရတဲ့သူနှစ်ယောက်က ဉာဏ်ထက်နဲ့နိုင်ဝင်း..။

နှစ်ယောက်သားက တစ်ယောက်တစ်နေရာစီမှာပါ..ဉာဏ်ထက်က တစ်ဖက်လမ်းကနေသူ့သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်လာနေတာ ။

မေပျို့ကိုတွေ့တော့ မေပျိုနဲ့ဘေးမှာရပ်နေတဲ့ဟိုလူကြီးကို ရပ်ပြီးလှမ်းကြည့်နေတာ..။

နိုင်ဝင်းကတော့ တစ်ဖက်လမ်းထောင့်မှာရပ်ကြည့်နေတာ..မျက်မှောင်ကျုံ့နေတာလည်းအသိသာကြီး ။

သူကမေပျိုတို့ဆီလာမယ်လုပ်တော့ မေပျိုခေါင်းရမ်းပြကာ ကားထဲပဲမြန်မြန်ဝင်ထိုင်လိုက်သည်..။

အဲ့လူကြီးကလည်း မေပျို့ဘေးဝင်မထိုင်..ရှေ့မှာဝင်ထိုင်တာ ။

အဲ့ကနေ ကားဂိတ်နားထိရောက်လာတာ..။

ကားဂိတ်ရောက်တဲ့ထိမေပျို့စိတ်တွေ တည်ငြိမ်နေခဲ့သေးပါတယ်..။

" အစ်ကို့.. "

မေပျိုတို့နားရောက်လာတဲ့ ကောင်လေးနဲ့ကောင်မလေး..။

" ရောက်နေကြပြီလား.."

" ဟုတ်ကဲ့..ကားထွက်တော့မယ်ပြောတယ်..ကျွန်တော်ကအစ်ကိုတို့နောက်ကျမှာစိုးရိမ်နေတာ..ဖုန်းဆက်တော့လည်းအစ်ကိုကမကိုင်လို့ "

" ဆောရီး မကြားလိုက်လို့.. ရောက်လာပြီပဲဟာ ကားပေါ်တက်ကြတာပေါ့ "

" ဟုတ်ကဲ့.. "

သူတို့ကအဲ့သက္ကဆိုတဲ့သူကြီးနဲ့ စကားပြောရင်း ရှေ့ကနေသွားနေကြသည်..။

မေတ္တ နီတိ (Unicode )Where stories live. Discover now