Part (26)

918 72 8
                                    

မေတ္တ နီတိ




🌼pann



Part (26)




ဒီနေ့တစ်ရက်တော့ မေပျိုအေးဆေးနားရသည်..။

နားရက်မှာ တီဗီကြည့်..ရေချိုး ပြီး အေးအေးသာသာဖြတ်သန်းနေလိုက်သည်..။

အဲ့နေ့ညနေက..

" ဟီရိမေပျို.. "

" ရှင်.. "

" ဒီကို ခဏလာ.."

ခေါ်လို့ တီဗီရှေ့မှာသက်သောင့်သက်သာထိုင်နေရင်းကနေ လူကြီးဘေးကခုံမှာဝင်ထိုင်လိုက်သည်..။

" ရော့.."

မေပျို့ရှေ့ရောက်လာတဲ့ အိတ်လေးတစ်ခု..။

" ဘာလဲမသိဘူး.. "

" ဖွင့်ကြည့်လိုက်.. "

ဖွင့်ကြည့်ခိုင်းတော့လည်း မေပျိုဖွင့်ကြည့်လိုက်ပါသည်..။

" ဟယ်..ဖုန်း..ဖုန်းလား "

" အင်း.. "

လက်ကိုင်ဖုန်းအသစ်ပါတဲ့.. ။

" မေပျို့အတွက်လား.. "

" မင်းအတွက်မို့ မင်းကိုပေးတာပေါ့.. "

" အဟီး.. "

မေပျိုသဘောကျကာ ဖုန်းဘူးခွံလေးကိုဖွင့်ကြည့်လိုက်သည်..။

" ဖွင့်ကြည့်လိုက်လေ.. "

" အဟီ..ဟုတ် "

မေပျို ဘူးအဖုံးကိုဖွင့်ပြီး အထဲကဖုန်းလေးကိုယူထုတ်ကြည့်လိုက်သည်..။

" အဟီ..လှလိုက်တာ ကိုင်ရတာလည်းတစ်မျိုးလေး..အဟွင်း.. "

မေပျို သဘောအကြီးကြီးကျနေမိသည်..။

" မင်းအတွက် ဆရာကဝယ်ပေးခိုင်းလိုက်တာ.."

" အဖေကလား.. "

" အင်း..ဘယ်သူရှိရအုံးမှာလဲ .."

အဖေကပါတဲ့..။

ရင်ထဲကနေ အဖေ့ကိုသတိရမိသလိုလိုရှိသား..။

ဒီရောက်ကတည်းက အဖေနဲ့အဆက်သွယ်မရှိနေ..လူကြီးနဲ့သာ အဆက်သွယ်ရှိမှန်းတော့သိထားပါတယ် ။

ဒါပေမယ့်လည်း မေပျိုအဖေနဲ့စကားပြောချင်နေတာမျိုး မရှိနေ..သူတို့ဖုန်းပြောနေမှန်းသိရက်နဲ့တောင် မေပျိုအနားမသွားဘဲ ကိုယ့်ဘာသာကိုယ်နေလာခဲ့တာ..။

မေတ္တ နီတိ (Unicode )Where stories live. Discover now