Part (18)

915 66 13
                                    

မေတ္တနီတိ

🌸pann

Part (18)

မေပျိုနဲ့နိုင်ဝင်း အတူလက်ချင်းယှက်ကိုင်ပြီးလမ်းလျှောက်နေတာ..ဒီနေ့နှစ်ယောက်အတူလျှောက်လည်နေကြတာ ။

လည်ပြီးလို့အပြန်လမ်းတစ်နေရာရောက်တော့..

" ဟျောင့်..မင်း ဘာကြည့်နေတာလဲ "

နှစ်ယောက်အတူစကားပြောနေရင်းနဲ့ နိုင်ဝင်းကတစ်ဖက်ကိုလှမ်းအော်လိုက်တော့ လန့်လည်းလန့်.. တစ်ဖက်ကိုလည်းကြည့်မိသည်..။

တစ်ဖက်မှာကလည်း ဆိုက်ကားနင်းတဲ့သူတွေပဲရှိတာပါ..သူဘယ်သူ့ကိုအော်နေတာလဲ ။

" မင်းကိုမေးနေတာလေ..ဘာကြည့်နေတာလဲ မင်းက.."

" ဂျစ်..ခြစ်..ဂျက်.."

ဆိုက်ကားပေါ်မှာထိုင်နေတဲ့လူကိုသွားပြီး တွန်းထုတ်တော့ ဟိုကအရှိန်နဲ့ဘေးဘက်ကိုလဲကျသွားသည်..။

တော်သေးတယ်.. နောက်ပြန်ပက်လက်လဲမကျတာကံကောင်း ။

နောက်ပြန်လဲကျလို့ကတော့ နောက်ကသစ်ပင်ကိုပတ်ပြီးခုံဝိုင်းလုပ်ထားတဲ့ ထောင့်စွန်းနဲ့ရိုက်မိလောက်သည်..။

တွန်းခံရတဲ့တစ်ဖက်လူလည်း လန့်သွားသလိုဘေးကလူတွေလည်း အထိတ်တလန့်ဖြစ်သွားရသည်..။

မေပျိုလည်းလန့်သွားရတာပဲ..။

ရုတ်တရက်ကြီးလေ..မေပျိုနဲ့စကားပြောနေရင်းနဲ့ကို တစ်ဖက်သွားပြီးရန်စတာက ။

" တောက်..မင်းဘာကောင်လဲ "

" အိုး.. "

တစ်ဖက်ကလည်း ခဏအငိုက်မိလိုက်လို့ခံလိုက်ရပေမယ့် ဇ သေးမယ့်ပုံမပေါ်..တန်းထပြီး နိုင်ဝင်းရဲ့ရင်တောင်ဆွဲကိုင်သည် ။

နိုင်ဝင်းကလည်း အလျှော့မပေး..သူပါပြန်ပြီး တစ်ဖက်လူကို ရင်တောင်ဆွဲကိုင်ဆုပ်ထားပြန်သည် ။

ဘာတွေလဲ.. ဘာဖြစ်ကြတာလဲ ။

အရင်ထဲကရန်စလား..ခုမှစကြတာလား ။

မေပျိုမသိနေတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လက်လေးကားတားကားတားလေးနဲ့သာ လုပ်နေမိဆဲ..။

မေတ္တ နီတိ (Unicode )Where stories live. Discover now