Part (36)

1.1K 99 12
                                    

မေတ္တနီတိ




🌼pann



Part (36)





မေပျို လူကြီးရဲ့ကားလေးမြင်ကွင်းကနေပျောက်တဲ့ထိ ရပ်ကြည့်နေပြီးမှ ပြန်လှည့်လိုက်သည့်ချိန်ကျ နောက်မှာရှိနေတဲ့လူကို မြင်လိုက်တော့လန့်အော်သွားမိသည်..။

" အမေ့... "

မေပျိုလန့်သွားသလို တစ်ဖက်ကလူလည်း မေပျို့အသံကြောင့် သူပါလန့်ပြန်သည်..။

" အမလေး..လန့်လိုက်တာ "

မေပျိုလည်း လန့်အော်မိပြီးမှ တစ်ဖက်လူကိုပြန်အားနာရသည်..။

" ဟို..တောင်းပန်ပါတယ်နော် မေပျိုလန့်သွားလို့"

မေပျိုတောင်းပန်ပေမယ့် တစ်ဖက်ကဘာမှမပြော..မေပျို့ကိုစိုက်ကြည့်နေတာ ။

မေပျို့အသံကြောင့် လန့်သွားရင်တောင် အသိစိတ်တွေဘာတွေထိ လွင့်သွားဖို့ထိတော့မဖြစ်နိုင်ပါဘူး..။

ဘာကြောင့် မေပျို့ကိုအဲ့လိုကြီးစိုက်ကြည့်နေရတာလဲ..။

" ဒီမှာ..ဒီမှာရှင့် "

မေပျို မျက်နှာကိုရှေ့တိုးရင်း ခေါ်လိုက်တော့မှ..

" ဗျာ..ခင်ဗျာ "

" တော်တော်လန့်သွားတာနေမယ်..မေပျို တောင်းပန်ပါတယ်နော် မေပျိုလည်းဒီကမေပျို့နောက်မှာ တွေ့လိုက်လို့လန့်အော်မိသွားတာ.."

" ကျွန်တော် ဒီကနောက်မှာတမင်တကာကြီးရပ်နေတာမဟုတ်ဘူးဗျ..ကျွန်တော့်ဘာသာကျွန်တော် ကျောင်းပေါက်ဝသွားမလို့ပါ ဒီကလမ်းမှာပိတ်နေတော့ ရှောင်မလို့ရှိသေး.. အဲ့ဘက်ကလန့်လာပြီး အော်တာလေ "

" မေပျိုလည်း မေပျို့နောက်လိုက်နေတယ်လို့မပြောပါဘူး..မေပျို့နောက်မှာ ရုတ်တရက်ကြီး တွေ့လိုက်လို့ လန့်သွားတယ်ဆိုတဲ့သဘောမျိုးပြောချင်တာပါ..အဲ့ဒါကြောင့် လန့်အော်မိသွားတာ..မေပျိုကပဲ တောင်းပန်ပါတယ် ခွင့်ပြုပါအုံး.."

" အ.. "

ကျွန်တော့်မှာစကားတောင် ရှေ့မဆက်လိုက်ရ..ကောင်မလေးက ခေါင်းလေးငုံ့ပြပြီးလူကိုရှောင်ထွက်သွားသည် ။

မေတ္တ နီတိ (Unicode )Where stories live. Discover now