Part (5)

1K 62 16
                                    


မေတ္တ နီတိ


🌸pann


Part (5)

" အိုင်ရယ် အိုရယ် အေရယ်...ပြီးတစ် တစ်..တစ်..ဒါဆို လေး သုံး..သုံး..ရှစ်ကိုး..ရှစ်ဆယ့်ကိုးပေါ့.."

ဒီနေ့နောက်ထပ်သိလာရတဲ့ ချစ်မချစ်သိနိုင်အောင်တွက်တာလေး..နာမည်လေးတွေကိုခြစ်တွက်ရတာ ။

မေပျိုလည်း ခုမအိပ်ခင်လေးသတိရလို့တွက်ကြည့်တော့ ရှစ်ဆယ့်ကိုးပါတဲ့..။

အစ်ကိုကရှစ်ဆယ့်ကိုးတောင်ဆိုတော့ မေပျိုကို ကြိုက်တော့ကြိုက်နေလောက်ပြီထင်တယ်..ဟိဟိ ။

" နေအုံး..ငါ..ငါရော "

ကိုယ့်ဘက်ကရော ဘယ်လောက်လဲ..။

မေပျိုချတွက်ကြည့်တော့ ကိုးဆယ့်ခွန်တဲ့..။

မေပျိုကအစ်ကို့ကို ပိုချစ်နေတာပဲ..ဟွင်းဟွင်း..။

ဒါလည်းမှန်တာပဲမလား..။

ဒါဆို အစ်ကိုကငါ့ကိုချစ်တော့မှာသေချာသလောက်နီးပါးရှိပြီပေါ့...ဟီးဟီး..။

ပျော်စရာကောင်းတော့မှာပေါ့နော်..။

တစ်ယောက်ထဲသဘောတွေကျနေတာ..ညအိပ်ရာဝင်တဲ့ထိ ဒီစိတ်ဒီအတွေးနဲ့တော်တော်ကြာတဲ့ထိ အိပ်မပျော်နိုင်ခဲ့ ။

ပျော်လို့ တောင်လှည့်မြောက်လှည့်နဲ့ပဲ ကုတင်မှာအချိန်ကုန်နေသလို နာရီသံကလည်းတချပ်ချပ်နဲ့ရွေ့နေလိုက်တာ လူကိုတောင်မစောင့်..။

ကိုယ်အိပ်ပျော်မိတဲ့အချိန်က နာရီကပြေးသွားတာ တော်တော်လေးခရီးတွင်နေပြီ..နှစ်နာရီကျော်ပေါ့တဲ့ ။

ဟင်း..မနက်ကျောင်းရောက်ရင်တော့ အိပ်ငိုက်တော့မှာပဲ ။

ဒါပေမယ့်လည်း အစ်ကိုကချစ်လာတော့မှာမို့ ပျော်ပါတယ်..အိပ်ရေးပျက်လည်းပျက်ပျက်ပေါ့ အရေးလား.. ဒီလောက်နဲ့တော့စာမဖွဲ့ပါဘူး..။

.

အဖြူစိမ်းလေးလဲထားပြီးပြီ..။

ကျောက်ပျဥ်မှာ သနပ်ခါးသွေးရင်းနဲ့ သီချင်းညီးမိသေးတယ်..။

ညကအိပ်ရေးပျက်ထားပေမယ့် အစ်ကို့ဘက်ကချစ်လာတော့မယ်ဆိုရုံလေးနဲ့တင်ကို လူကအားဖြည့်အချိုရည်မသောက်ထားဘဲနဲ့လည်း အားပြည့်နေပြီ..။

မေတ္တ နီတိ (Unicode )Where stories live. Discover now