Part (24)

892 72 5
                                    

မေတ္တနီတိ


🌸pann

Part (24)



ကျွန်တော် ဒီနေ့အရေးကြီးလာမယ့်ဖုန်းကိုစောင့်နေတာ..။

ဒီနေ့ဆက်လာမယ်ပြောထားလို့..။

အချိန်ကတော့ မနက်ပိုင်းလို့ပဲပြောထားတော့ ကျွန်တော်ဝေးဝေးမသွားရဲ..။

" တင်တင်တင်..တင်..တင်တင်.. "

ပြောရင်းဆိုရင်းနဲ့ ဖုန်းဝင်လာပြီထင်တယ်..အသံကြားတယ် ။

ကျွန်တော်အပြင်မှာသန့်ရှင်းရေးလုပ်လက်စကို ရပ်ကာ အိမ်ထဲပြေးဝင်သွားလိုက်သည်..။

" ဟယ်လို..အမိန့်ရှိပါ ကျွန်တော်သက္ကဒီပပါဗျ.."

ကိုယ့်ဆီလာတဲ့ဖုန်းပဲမှတ်ပြီး ကျွန်တော့်ကိုယ်ကျွန်တော်မိတ်ဆက်လိုက်သည်..။

" ကျစ်..ခင်ဗျားပဲလား "

" ဗျာ.. "

ကြားလိုက်ရတဲ့စကားကြောင့် ကိုယ်တောင်ကြောင်သွားရသည်..။

ဘယ်သူလဲ ဒါက..။

ဘယ်ကဖုန်းလဲ..။

" အခုပြောနေတာ ဘယ်သူလဲဗျ.. "

" ပြောလည်းသိမှာမဟုတ်ဘူး..မေပျိုကိုပဲဖုန်းလွှဲပေးပါ.."

" မေပျို.. "

ကျွန်တော်သံယောင်လိုက်မိသည်..။

ဟီရိမေပျို.. ။

" ဟုတ်တယ်မေပျို..သူနဲ့တွေ့ချင်တာ ခင်ဗျားနဲ့မဟုတ်ဘူး တစ်ခါလာလည်းခင်ဗျားအသံ တစ်ခါလာလည်း ခင်ဗျား..ခင်ဗျားအသံနားထောင်ချင်လို့ ဖုန်းဆက်လိုက်တာမဟုတ်ဘူး..ကျစ် အောက်လိုက်တာ.."

အောင်မာ..သူကပဲ တစ်ဖက်သတ်ပေါက်ကွဲပြရတယ်ရှိသေး ။

ကျွန်တော် ဖုန်းကိုင်ထားရင်းဖုန်းနံပါတ်ကြည့်လိုက်သည်..ပြီး စာအုပ်ထဲမှတ်ထားတဲ့နံပါတ်နဲ့တို့ကို တိုက်စစ်ကြည့်လိုက်သည် ။

အတူတူပဲကို..။

ကျွန်တော်ခုံမှာခြေချိတ်ထိုင်ချလိုက်သည်..။

" အဲ့တော့ ဒီဖုန်းကိုဆက်ဆက်နေတာမင်းပေါ့.."

" ဟုတ်တော့ ဘာဖြစ်လို့လဲ.. စကားတွေအရစ်ရှည်မနေပါနဲ့ ကျုပ်ရည်းစားကိုသာဖုန်းပေးလိုက်ပါ.."

မေတ္တ နီတိ (Unicode )Where stories live. Discover now