Chapter 1

19.9K 1.2K 24
                                    


|| Unicode ||

မနက် ၂ နာရီအချိန် လူသူကင်းမဲ့နေသော အဝေးပြေးလမ်းမကြီးထက်၌ ဆိုင်ကယ်အနက်ရောင်မှာ ပြေးလွှားနေတဲ့သစ်နက်တစ်ကောင်လို ကြယ်ရောင်ကောင်းကင်နှင့် ပေါင်းစပ်ထားသည့် အဝေးပြေးလမ်းမကြီး၏အဆုံးမှ အရှိန်ဖြင့် တဝေါဝေါမောင်းနှင်လာခဲ့သည်။ ဓာတ်ဆီဆိုင်မှာ ချက်ချင်းရပ်လိုက်သည်နှင့် ရပ်တန့်သွားတဲ့ တာယာတွေရဲ့ ကျွီ့ခနဲ့စူးရှတဲ့အသံက နားစည်တွေထဲ ဖြတ်သန်းသွား​၏။

Alphaတစ်ယောက်ရဲ့ ထူပြောလှပါတဲ့ Pheromone တွေက လေထဲမှာ စိမ့်ဝင်ပျံ့နှံသွားသည်။ မော်တော်ဆိုင်ကယ်တွေပေါ်က Alpha Gang တစ်အုပ်က ဓာတ်ဆီဆိုင်တွင် ရပ်လိုက်ကြသည်။ သူတို့၌ အရပ်ရှည်ရှည်ပုံပန်းသဏ္ဌာန်နှင့် ကြွက်သားများပါရှိသည့် steampunk ဂီယာနှင့် အင်္ဂလိပ်စကားလုံးဆန်းဆန်းများဖြင့် ဖုံးအုပ်ထားသည်။ သူတို့တွေက စီးကရက်ကိုင်ထားရင်း အင်ဂျင်ကို မှီကာ မလှမ်းမကမ်းမှာရပ်နေတဲ့ မဖိတ်ခေါ်ထားပါသော ဧည့်သည်ကို ရန်လိုစွာဖြင့် ကြည့်နေကြသည်။

" ဒီ rich kidလေးက ဘယ်ကလာတာလဲ ? " Absတွေနဲ့ အရွတ်တွေမြင်နေရသော အင်္ကျီလက်ပြတ်ကိုဝတ်ထားသည့်Alphaကသူ့ကို တိုးတိုးလေး လေချွန်ပြလိုက်သည်။

ဒီ alphas အုပ်စုဟာ သွားရှုပ်လို့မရနိုင်ဘူးဆိုတာ ပြောနိုင်နေ​၏။ ထိုလူ၏ သစ်နက်လို Valkyrie Rune 1800 သည် ပြည်နယ်တွေမှ ထုတ်လုပ်ထားသည့် ဟဲဗီးဝိတ် စွမ်းရည်မြင့် အပျော်စီးဆိုင်ကယ်ဖြစ်ပြီး အစိတ်အပိုင်းတွေရဲ့ 85%လောက်ကိုလက်နဲ့တည်ဆောက်ထားတာဖြစ်သည်။Sold Outမဖြစ်ခင် အစီးရေ 2500ပဲ ထုတ်လုပ်ခဲ့တာပင်။

ထိုလူက နက်မှောင်နေသော ဟဲလ်မက်ကို ဆောင်းထားပြီး ပိန်သွယ်သွယ် အသွင်အပြင်​၊ အထူးသဖြင့် ဆွဲဆောင်မှုရှိနေသော ခါးတို့ဖြင့် တစ်ကိုယ်လုံး အသားကပ် အဝတ်များတွင် ဖွက်ထားလေရာ Alphaတစ်ယောက်အား တရှိန်ထိုးစိတ်ဝင်စားမှုအား ပေါက်ကွဲသွားစေသည်။

Alphas တွေက လည်ပင်းအကာတွေ ၀တ်ထားတာကို အထင်သေးတတ်သည်။ သူတို့တွေက လည်ပင်းနောက်ဖက်မှာရှိတဲ့အားနည်းချက်နေရာကို ကာကွယ်ဖို့ ကြမ်းကြုတ် ခိုင်ခံ့သော သွားစွယ်တွေကို အသုံးချလို့ရနေတာကြောင့်ပင်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now