Chapter 85

5.2K 811 129
                                    

|| Unicode ||

ရန်ရိ မျက်ခွံပင့်ကြည့်လာလျှင် သူ့မျက်လုံးတွေသည် ဗလာကျင်း၍ မှိုင်းရီဝေလျက်။ ကျည်ဆန်ခါးပတ်နှင့် ဆွဲလျက်ရှိသော စက်သေနတ်​၏ ပြောင်းပြွန်နှင့် ပြောင်းရင်းက မြန်နှုန်းမြင့်စွာ လည်နေသည်။ လွင့်ပျံကုန်သော ယမ်းတောင့်အခွံတွေက အင်္ကျီလက်လိပ်တင်ထားသည့် လက်မောင်းဖြူပိန်ပိန်လေးမှာ အနီမှတ်သေးသေးလေးတွေအဖြစ် လောင်ကုန်​၏။

A3 ဂလင်းတွေမှာရရှိနိုင်သည့် စွမ်းအင်ကို အလားတူပမာဏဖြင့် အစားထိုးနိုင်သည်ဖြစ်ပြီိး ၎င်းက မြို့တစ်မြို့လုံး​၏လျှပ်စစ်ဓာတ်အားကို ထောက်ပံ့ပေးနိုင်သည်အထိ လုံလောက်လေသည်။သူသည်ကား နွမ်းလျမှုနှင့် နာကျင်မှုတို့ကို သတိမမူမိတော့ပေ။ သူ့အနီးနားက သက်ရှိဖြစ်တည်မှု မှန်သမျှကို လမ်းလျှောက်နေတဲ့အလောင်းကောင်တွေအလား ဖျက်ဆီးဝါးမျိုပစ်တော့သည်။

PBB ဟွိုက်နင်ဌာနခွဲစနစ်ဟာ အလိုအလျောက်ပင် ရန်ရိအား ဖျက်ဆီးတတ်ပြီး အလွန်အမင်းအန္တရာယ်ရှိ ချည်းကပ်သူအဖြစ် အကဲဖြတ်ခဲ့ပြီး လုံခြုံရေးအဖွဲ့ကို အင်အားအလုံးအရင်းဖြင့် စေလွှတ်စေခဲ့လေသည်။

ချော်သွားသည့်ကျည်တစ်တောင့်က အနောက်မှသည် ရန်ရိ ပုခုံးကို ရုတ်တရက် ထိမှန်လာပြီး ဖြာကနဲ့ သွေးတွေပန်းထွက်သွားကာ အရှေ့ကို ဒယိမ်းဒယိုင်ဖြင့် ခြေနှစ်လှမ်းတိုးမိသွားသည်။

သူဟာ ကျည်ကုန်သွားသည့် Galtingကို လွှတ်ပစ်လိုက်၍ မြောက်မြားစွာသော အလောင်းတွေရှေ့မှ ဘေးဘက်ကို လှိမ့်ထွက်လိုက်သည်။ သူက ထိမှန်လာသည့်ကျည်တွေကို ကာရန် ၎င်းတို့ထဲမှ တစ်လောင်းကို ကောက်ကိုင်လိုက်ပြီးအလောင်းထံမှ လက်နက်ပြည့် ခါးပတ်ကို ဖြုတ်ကာ သူ့ခါးမှာ ချိတ်လိုက်သည်။

ရန်ရိဟာ ပစ္စတိုတစ်လက်ကို ပါးစပ်မှာကိုက်လျက် နောက်တစ်လက်ကိုတော့ ညာလက်ဖြင့် ကျည်ကပ်လဲလိုက်​၏။ထို့နောက် ဘယ်လက်ဖြင့် ကျောကိုထိကာ သူ့ကိုယ်ထဲမှာ မြှုပ်နေသည့် ကျည်ကို ညှစ်ထုတ်လိုက်သည်။

မျက်နှာချင်းဆိုင်တွင် စက်သေနတ်ကြီး​၏ပစ်ခတ်မှုကပေါက်ကွဲလာသောကြောင့် ရန်ရိဟာ အနောက်ကို ယို့ကာ လှည့်ထွက်လိုက်သည်။ ကျည်တွေက သူ့ဘယ်လက်မှာ ပျံဝဲလာခဲ့ပြီး ပျံနေဆဲ ကျည်လေးတောင့်ကို သူ့လက်ချောင်းကြားထဲမှာဖမ်းယူလိုက်သည်။ ပြီးလျှင် သူ့သွေးစွန်းနေသော ကျည်တစ်တောင့်အား ပြန်ပစ်ပေးလိုက်​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now