Chapter 53

5.6K 837 61
                                    


|| Unicode ||

Warning // Abuse/ Suicide

လုရှန်ကျင်က အသံတိတ်ပင် ဇွန်းကိုစွပ်ပြုတ်ပန်းကန်ထဲ ပြန်ချလိုက်၍ ရန်ရိကို သူ့လက်မောင်းတွေအောက်မှာ ပွေ့ကာ သူ့ပေါင်ပေါ်မှာ ခွထိုင်ခွင့်ပြုလိုက်သည်။

ရန်ရိက သူ့ခေါင်းကို တစ်ဖက်စောင်းလိုက်​၏။

" မင်း ကိုယ့်ကိုကြည့် " လုရှန့်ကျင်က ရန်ရိမျက်နှာကို ကိုင်၍ သူ့မျက်လုံးတွေထဲကို ကြည့်ရန် တောင်းဆိုလိုက်သည်​။ " ပေါင်ပေါင် ကိုယ့်ကို မမှတ်မိဘူးလား "

ရန်ရိက သူ့ကိုကြည့်ရင်း ပါးစပ် အနည်းငယ် ဟ,သွား​၏။ သူ့မျက်လုံးတွေ လျော့ရဲနေပြီး လုရှန့်ကျင်ရဲ့ မျက်လုံးတွေထဲကိုသူ ကြည့်နေသလားဆိုတာကိုပင် မသိနိုင်ပေ။

လုရှန့်ကျင်မှာ သူ့​၏အရိပ်အယောင်လေးလို သွင်ပြင်မျိုးကြောင့် စိတ်မချမ်းသာခံစားရပြီး ကျောပြင်လေးကို ဖက်ကာနှုတ်ခမ်းထောင့်လေးတွေကို နမ်းရှိုက်လိုက်သည်။

ရန်ရိက မျက်လွှာချလိုက်ပြီး ယုန်နားရွက်လေးတွေက လုရှန့်ကျင်​၏မျက်နှာပေါ်ကို ပျင်းရိစွာ ပစ်ကျလာကြချေ​၏။

ရန်ရိက လုရှန့်ကျင်ရဲ့ ဘယ်ဘက်လက်ပေါ်က လက်စွပ်ကို ခဏတာစိုက်ကြည့်နေပြီးမှ သူ့ဘာသာသူ ရေရွတ်လိုက်သည်။" လုရှန့်ကျင်... "

လုရှန့်ကျင်မှာ ပုခုံးတွေလှုပ်သွားပြီး ကျောပြင်လေးအား စိတ်လှုပ်ရှားမှုတွေဖြင့် ပွတ်ပေးလိုက်သည်။ " ကိုယ်ပါ "

" လုရှန့်ကျင်..." ရန်ရိက ရုတ်တရက်ဆန်တဲ့နာကျင်မှုကို တောင့်ခံလိုက်သည့်နှယ် သူ့ဗိုက်ကို ဆုပ်ကိုင်ထားလိုက်ပြီး သူ့ကိုယ်လေးကလဲ ပြုတ်ထားတဲ့ပုစွန်လေးလို မသက်မသာဖြစ်စွာ ကွေးသွားတော့သည်။ သူ့ဗိုက်ပေါ်၌ ပြင်းပြင်းထန်ထန် ဖိထားသော လက်တစ်ဖက် ရှိနေသလိုပင်။

" တောင်းပန်ပါတယ်...တောင်းပန်ပါတယ်... ပေါင်ပေါင်ရယ် " လုရှန့်ကျင်က တစ်ဝက်အေးနေပြီဖြစ်တဲ့ ဆောင်းသခွားစွပ်ပြုတ်ကို ခပ်၍ သူ့အား ခွံ့ကျွေးလိုက်​၏။ "ထမင်းစားပြီးတဲ့အခါ အနားယူဖို့ အပေါ်ထပ်သွားကြမယ် "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now