Chapter 88 【 Main Story End 】

9.9K 899 77
                                    

|| Unicode ||

ရန်ရိအင်္ကျီမှာ လိပ်ပြာရိုးချွန်းအထိ တွန်းတင်ခံထားရပြီး Alpha က သူ့ရဲ့ သေးသိမ်သောခါးလေးကို လက်နှစ်ဖက်လုံးဖြင့်ဖိညှစ်လိုက်သည်။ သူ့လက်မက ခါးပေါ်ကိုဖိကျလာပြီး ချောမွေ့သည့် အကွေ့အဝိုက်လေးတစ်လျှောက်မှ ခြေထောက်တွေဆီကို လျှောဆင်းသွားကာ ရန်ရိကို သက်သာရာရစေရန် ဆုပ်ကိုင်ထားပေး​၏။

Alpha ​၏ မီးနှင့်တူသော ရင်ဘတ်သည် ရန်ရိကို အနောက်မှ ဖိကပ်ထားပြီး ခေါင်းငုံ့လျက် ကုပ်ကျနေသော ​သွေးရောင်ထနေသည့်နားရွက်လေးတွေကို နမ်းရှိုက်လိုက်သည်။သူဟာ အက်ကွဲနေသည့်အသံနိမ့်ဖြင့် တရှူးရှူးမောပန်းနေပြီး အချိန်အတော်ကြာကင်းမဲ့နေခဲ့သော ရင်ခုန်သံတွေကို ဖိနှိပ်ကာ နားရွက်မှတဆင့် လည်ပင်းအထိ နမ်းရှိုက်လိုက်​၏။ သူက ရန်ရိ​ရဲ့ကြည်လင် ချောမွေ့သော ဂလင်းတွေကို စိုက်ကြည့်နေပြီး သွားစွယ်တွေကို ဖော်လိုက်ပေမယ့် တုံ့ဆိုင်းစွာဖြင့် ဖွဖွလေးလျက်လိုက်ရုံမျှသာ။

ရန်ရိဟာ Alphaရဲ့လက်ကို ဆုပ်ကိုင်ထားမိပြီး Alphaနဲ့ ပိုနီးကပ်စေရန် သူ့ကျောလေးကို ခုံးထား​၏။ ပြီးလျှင် နှုတ်ခမ်းလွှာကြား အဟလေးမှ အထိန်းအကွပ်မဲ့စွာ ညည်းသံတွေ ထုတ်နေခဲ့ချေသည်။

" အရမ်းဆိုးတာပဲ ပေါင်ပေ့.... လက်လွှတ်ပေးပြောခဲ့ပြီး ကိုယ်ကို တကယ်ပဲ မစောင့်နေခဲ့ဘူးပဲ။ မင်းကိုယ့်ကို တကယ်မကြိုက်ခဲ့ပါဘူး ဟုတ်တယ်မလား? " သူဟာ ပြစ်ဒဏ်တစ်ခုနှယ် လက်မှာ အားနည်းနည်းသုံးပေးလိုက်လျှင် ရန်ရိက အမြှီးလေးထောင်လာကာ တဆတ်ဆတ်တုန်လာတော့သည်။ Alphaဟာ အမှန်တကယ်ပင် လုံလောက်အောင် ကြင်နာသော်ငြားဒီလို အခြေအနေမျိူး၌ မွေးရာပါ အားကောင်းသည့် လွှမ်းမိုးခြယ်လှယ်လိုခြင်းက ဖုံးထားဖို့ ခက်ခဲလာချေသည်။

ရန်ရိသည်ကား သူ့ကိုယ်သူ နိူးလာအောင် အသဲအသန် ကြိုးစားနေသည့်တိုင် ဒြပ်ပါဝင်မှုမြင့် Inhibitorက တိုက်ခိုက်လာချိန်မှာ ထွေပြားလာမှုကြောင့် သူ့​၏ အမြင်၊အကြားအာရုံတို့ကို အနှောင့်အယှက်ဖြစ်လာစေခဲ့သည်။ ကျောနောက်မှာပွေ့ဖက်ထားတဲ့ Alphaကလဲ ပိုးပန်းPheromoneတွေ ထုတ်လွှတ်လာခဲ့လေ​၏။ စေးပျစ်ပျစ် ဆွဲဆောင်မှုအားတွေက ရန်ရိကိုလုံးဝလွတ်ထွက်သွားစေပြီး သူ​၏ အကြောင်းအရင်းဆိုသည်မှာလဲ စက္ကန့်ပိုင်းအတွင်းမှာပင် ပြိုလဲကျသွားရခဲ့သည်။ ရန်ရိစိတ်မှာ ဗလာကျင်းသွားလျက် သူလိုချင်သမျှဟာ သူ့​၏ နှစ်သိမ့်မှုကိုသာပင်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now