Chapter 93【Conclusion Of This Article】

6.7K 712 21
                                    


Warning // Mature Contents


အချိန်ကားနွေရာသီ အစပိုင်းလောက်သာရှိသေးပြီး၊ လူအနည်းငယ်သာ သွားလေ့ရှိသော ခြံဝန်းထောင့်တွင် သစ်ပင်ရိပ်တွေရှိလို့နေသည်။ ပိုးစာသီးတွေကလဲ ပိုးစာပင် အကိုင်းအခက်တို့မှာ တွဲလဲခိုကာရှိနေပြီး ကျောက်သားရေပန်းရဲ့ ရေတွေထဲမှာ စာကလေးတို့ကလဲ လှဲလျောင်းနေကြလျက်။ ရံဖန်ရံခါ အင်းဆက်များရဲ့ကျီကျီကျာကျာမြည်သံတွေကိုလဲ ဥယျာဉ်ထဲမှာ ကြားနေရသည်။ လေညှင်းက လသာဆောင်ကို ဖြတ်တိုက်သွားသော် အပင်စိမ်းတို့က သင်းပျံ့သည့် ပန်းရနံ့ကိုသယ်ဆောင်လာလေရာ ယင်းတို့က လုရှန့်ကျင်ရဲ့ Pheromone နှင့် သဏ္ဌာန်တူလေသည်။

ကလေး အိပ်ရာခင်းလေးတွေက အခြောက်ခံစင်ပေါ်မှာ အခြောက်လှန်းထားပြီး နေရောင်ခြည်တန်းတစ်ခုက ရန်ရိပုခုံးပေါ်ကို အကွဲရာတစ်ခုဖြင့် ဖြတ်သွားလျှင် နွေးထွေးသည့် ပျားလိမ္မော်လေးအဖြစ် အရောင်ဆိုးသွားချေသည်။

လုရှန့်ကျင်က သူ့မေးစေ့ကို သူ့ပုခုံးပေါ်တင်ထား၍ ခပ်ယိမ်းယိမ်းမှီထားပြီး သူ့လည်ပင်းကို သိုင်းကာ ဖက်ထားလေသည်။တစ်ဖန် သူ့လက်တွေကို ဆန့်ထုတ်၍ ကျောပြင်ကို ပွတ်ပေးလာခဲ့သည်။ လက်ဖဝါးအတွင်းရှိ အရိုးလေးများမှာ မည်သည့်နေရာမှာမှ ဖုံးထားခြင်းမရှိ ပေါ်လာပြီး ကိုယ်ဝန်ဆောင်စဉ်က တိုးပွားလာသော အသားလေးတွေကလဲ အခုတော့ ဝိတ်ပြန်ကျသွားပြီဖြစ်​၏။

သူဟာ " မင်းကို ချစ်တယ် " ဆိုတာကို စောင့်နေခဲ့မိသည်​။ အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားပေမယ့်ဝင်လမ်းလေးကတော့ တိတ်ဆိတ်ဆဲ။ ပြီးတော့ ဒီနေ့အတွက်တော့ သူမစောင့်နိုင်တော့ဘူးဆိုတာကို သူသိနေခဲ့သည်။

ဒါကြောင့် သူစိတ်ပြောင်းလိုက်ကာ ထပ်မေးမိ​၏။ " ကိုယ်က အသုံးဝင်ရဲ့လား? "

ပြီးလျှင် လေးလေးနက်နက်ဖြင့် ရန်ရိဖြေဖို့ နေရာတစ်ခု ချန်ပေးလိုက်သည်။

ရန်ရိဟာ Alphaရဲ့ စိတ်တထင့်ထင့်ဖြစ်နေမှုတွေကို ခံစားမိသဖြင့် သူ့ခါးကို ဖွဖွပုတ်ပေးကာ နှစ်သိမ့်လိုက်သည်။ " မင်းကအမြဲတမ်း အဖေကောင်းတစ်ယောက် ဖြစ်ခဲ့တာပါ "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now