Chapter 86

5.1K 737 44
                                    


|| Unicode ||

ရန်ရိဟာ ကမ်းရိုးတန်းနားမှာ ဓားရှည်ကို ဒရွက်တိုက်ဆွဲ၍ ရပ်နေခဲ့သည်။ ရံဖန်ရံခါ၌ ခရုခွံအစလေးတွေပါတဲ့ လှိုင်းလုံးတွေက သူ့ရဲ့ ဗလာကျင်းနေတဲ့ ခြေချင်းဝတ်ထံ အပြေးဝင်လာပြီး သွေးနှင့် ဖုန်တွေကို ဆေးကြောပေးလာသည်။ မရေမတွက်နိုင်လောက်တဲ့ သေနတ်တွေက သူ့ကို ချိန်ထားသည်ဖြစ်သော်လည်း တစ်ဦးတလေမှ ခလုတ်ကို မဆွဲရဲကြပေ။

ဘယ်သူကမှ ပြိုင်ဘက်ကင်း S4 သရုပ်ကွဲကို စိန်မခေါ်ရဲပါ။သူသာအလိုရှိပါက လက်ချောင်းလေးတစ်ချက်ထိရုံဖြင့်ပင် ဒီတစ်ဝက်လောက်ပျက်နေတဲ့မြို့ကို အလွယ်တကူ ဖျက်ဆီးလို့ရလေသည်။

ရန်ရိကတော့ ဂရုမစိုက်စွာပင် အမိန့်ပေးလိုက်ပြီး သေနတ်ချလိုက်သည်။

သူ့အသံက ညင်သာနေပေမယ့် လေသံအေးစိမ့်စိမ့်ထဲမှ အာဏာစက်ဟာ လူအားလုံး​၏ နားထဲကိုစီးဝင်သွားပြီး ခုခံဖို့ရာကြိုးစားဆဲ လုံခြုံရေးတပ်ဖွဲ့များ​၏ နှလုံးအိမ်ထဲမှ နောက်ဆုံးသော ခုခံလိုသည့်နောက်ဆုံး နယ်နိမိတ်ကို အနိုင်ယူသွားခဲ့ချေသည်။ ပထမတွင် လူတစ်ယောက်က သေနတ်ချလိုက်သည့်တိုင် မည်သူတစ်ယောက်မှ သူ့ကိုအပြစ်တင်မလာတာကြောင့် ပိုပြီး များပြားလာခဲ့လေသည်။ လူအများအပြားက သူတို့ရဲ့ လက်နက်တွေကို ပစ်ချလာခဲ့ပြီး အဆင့်မြင့်Omegaတွေထံမှ ဖမ်းသိမ်းခံရလေ​၏။

ခြင်္သေ့ပုံစံနှင့် ဟယ်လီကော်ပတာတစ်စင်းက တဝေါဝေါမြည်လျက် ဆင်းသက်လာခဲ့သည်။ မျက်နှာဖျော့ဖျော့နဲ့ဒေါက်တာကျုံးဟာ မြောက်များစွာသော အရေးပေါ်ကယ်ဆယ်ရေးဒေါက်တာတွေကို ကြိုးလှေကားမှ အမြန် ဆင်းစေကာဒဏ်ရာရသူတွေအား သွေးထိန်းပြီး ပတ်တီးစီးပေးစေသည်။ ရှမိသားစု​၏ ဘောစ့်ကမူ ကျည်ကာအင်္ကျီဝတ်ထားပြီး သူ​၏စိတ်ပူရသည့် ညီလေးကို စိုးရိမ်တကြီးလှည့်ပတ်ရှာနေလေသည်။

အရောင်အသွေးစုံလှသည့် ငါးမြှီးကြီးများကို လွှဲယမ်းလျက် Omegaတချို့က ရန်ရိဘေးမှ ကျောက်ဆောင်ဆီကို တက်လာကြသည်။ ပြီးလျှင် ထိပ်ဆုံးမှ တစ်ယောက်က လက်နှစ်ဖက်ဖြင့် Walter စနိုက်ပါရိုင်ဖယ်တစ်လက်ကိုကိုင်ကာ ရန်ရိအားပေးလာပြီး ညှိုးငယ်စွာဖြင့်ကြည့်လို့လာ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now