Chapter 10

5.5K 888 42
                                    

|| Unicode ||

ကျဉ်းပြီး ပိန်းပိတ်အောင်မှောင်နေတဲ့ စောင်ဗီဒိုကြီးက အန္တရာယ်တွေ မြူးထူးသောင်းကျန်းနေရာမှ ကင်းကွာနေပါတဲ့တိတ်ဆိတ်နေသောကမ္ဘာကြီး​၏ ထောင့်တစ်နေရာက ကွန်းခိုရာနေရာငယ်လေးနဲ့ တူသည်။

ရန်ရိက စောင်အသိုက်လေးထဲမှာ လှဲနေရင်း ဖုန်းထဲက စကားပြောလို့ရမယ့် အကြောင်းအရာကို ရှာနေတဲ့ Alphaကို တိတ်တိတ်လေး နားစွင့်နေလိုက်မိသည်။

" မင်းက ဘာအတွက် ခွဲစိတ်မှုလုပ်ရမှာလဲ? " Alphaက ဒီအကြောင်းနဲ့ ပတ်သတ်ပြီး အမြဲတစေ စိုးရိမ်နေခဲ့ပေသည်။

ရန်ရိက သူ့ကို ပြောပြရန် ငြင်းပယ်လိုက်​၏။

" အခုရော ဘယ်မှာလဲ? " Alpha က မေးသည်။

ရန်ရိက တိုးတိုးလေးနှင့်, " စောင်ဗီရိုထဲမှာ... ငါကလေ ကိုယ်ဝန်ရှိနေတယ်... ဗိုက်က ဖောင်းနေတာ... အသိုက်ထဲမှာ နေမှဖြစ်မယ် "

လေလှိုင်းထဲကလူက တစ်ခုခုပြုတ်ကျသွားသလိုနှင့် ဖုန်းလက်ခံရာဘက် အလွန်မှာ " ငါ့-ိုးပဲ ! ငါ့​-ိုး" ဟု ပြောလိုက်သည့်အသံကို ကြားလိုက်ရလေသည်။

Alphaရဲ့ အသက်ရှူသံတွေက အရင်ကထက် သိသိသာသာကို ပိုပြင်းထန်လာသည်။ " မင်းမှာ Alpha ရှိတာလား? ဘာလို့အမှတ်အသားမလုပ်ခံထားရတာလဲ? မင်းက ခွဲစိတ်ရတော့မှာကို ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရအောင် လုပ်လိုက်တာလဲကွ? အဲ့ဒီ ခွေးAlphaရဲ့ -ီးက ဘယ်ကလာတာမို့လို့လဲ? "

ရန်ရိက ဘောလုံးလေးလို ကျုံ့သွားပြီး နားရွက်နုနုလေးတွေက လှုပ်သွားကာ ခရင်မ်ချိစ့်လုံးလေးတွေလို ကွေးသွားကြသည်​။ " မင်း အရမ်းအသံကျယ်နေတယ် "

ကြောင်ခနဲ့ဖြစ်သွားပြီး Alpha က သူ့အသံကို လျှော့ချပစ်လိုက်သည်။

ရန်ရိ နည်းနည်းလေး ဖောင်းနေတဲ့ ဗိုက်သားလေးကို ထိလိုက်ပြီး " သူ့ကို အပြစ်မတင်ပါနဲ့... ပြီးခဲ့တဲ့ ဆယ်ရက်ကျော်လောက်မှ ဖြစ်သွားတာ။ အဲဒီအချိန်တုန်းက ငါခွဲရမယ်ဆိုတာကို ငါတို့တွေမသိခဲ့ကြဘူးလေ။ ကြည့်ရတာ ခွဲစိတ်မှုကိုနောက်ရွှေ့ထားရတော့မယ် "

Alphaက စကားမပြောတော့ပေ။

တက္ကသိုလ် ဇီဝကမ္မဗေဒ ဘာသာရပ်ရဲ့ တချို့အပိုင်းတွေမှာတုန်းက သူအိပ်နေခဲ့တာလား? Omegaတစ်ယောက်က ဆယ်ရက်သားကိုယ်ဝန်နဲ့ ဘယ်လိုလုပ်ပြီး တုံ့ပြန်ချက်ရနိုင်မှာလဲ? သူ့ဗိုက်က ဖောင်းတောင်ဖောင်းနေလိုက်သေးတယ်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now