Chapter 60

5.7K 781 20
                                    

|| Unicode ||

ရှောက်ဝမ်းကျင်းဟာ သူ့ရဲ့ mailboxထဲမှ ကုဒ်ဝှက် Emailတစ်စောင်ကို လက်ခံရရှိခဲ့သည်။ယင်းက PMD ( Precision Medical Devices ) တွေမှာယူခဲ့သည့် အသုတ်က ယာယီ ဖျက်သိမ်းခံလိုက်ရပြီး တစ်ဖက်လူက ပျက်စီးတန်ဖိုးကိုပေးလျော်သည်ထက် ပူးပေါင်းတာကို ရပ်ဆိုင်းချင်တာဖြစ်သည်။

" ....ဒီလောက်ကောင်းတဲ့အကျိူးအမြတ်ကို မထိပဲထားခဲ့တယ် " ရှောက်ဝမ်းကျင်းက ထိုင်ခုံပျော့ပေါ်တွင်မှီလိုက်ပြီး ခြေတံရှည်တွေကို ကွန်ပျူတာ စားပွဲရှေ့မှာ တင်လျက် ကော်ဖီကို ဖြည်းဖြည်းချင်း တစ်ငုံသောက်နေလိုက်သည်။

သူ လက်ပတ်နာရီကို ကြည့်လိုက်မိသော် ညနေ ကိုးနာရီ။

သူ ခေါင်းကုတ်လိုက်၍ ရာဘာကြိုးရှာလိုက်ပြီး သူ​၏ တစ်ဝက်ရှည်နေသော ဆံပင်ဖျားတွေကို အတူတူစုစည်းလိုက်လေသည်။ ထို့နောက် အောက်ထပ်က်ို ဆင်းလာခဲ့​၏။

ဝမ်းချီက ဉာဏ်စမ်းရုပ်ဆက်လေးတွေနဲ့ ကစားနေခဲ့သည်။ ပြီးခဲ့တဲ့ အပတ်က သူဟာ တစ်ဘူးကို အစ,၂၀၀၀ပါတဲ့အထုပ်ကိုဝယ်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာပဲ ပြီးစီးသွားခဲ့​၏။ ရှောက်ဝမ်းကျင်းက ထိုသို့အကြိုက်ရှိတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောပြီး ဝမ်းချီနဲ့ ကစားရန် အစ,၁၀၀၀၀ပါ သုံးဖက်မြင်ရဲတိုက်အသေး တစ်ခုကို ဝယ်ယူခဲ့လေသည်။

သူ ဝမ်းချီရဲ့ အိပ်ခန်းတံခါးဝမှာ သူရပ်နေလိုက်လျှင် ထိုကောင်လေးက သူ့လက်ထဲက အစလေးများကို အာရုံစိုက်နေဆဲဖြစ်သည်။

" စပိုက်ဒီလေး အိပ်မယ် " ရှောက်ဝမ်းကျင်းက တံခါးကို ဖွဖွလေးခေါက်လိုက်သည်။

ဝမ်းချီက နောက်ပြန်လှည့်ကြည့်လာ၍ မပြီးသေးတဲ့ အစလေးတွေကို ဘူးထဲ သေချာစုထည့်ကာ ကော်ဇောပေါ်ကို ခြေဗလာလေးနဲ့ နင်းလာ၍ ရှောက်ဝမ်းကျင်းရဲ့လက်ကို ဖွဖွလေး လာဆွဲ​၏။

ဝမ်းချီ ဝမ်းနည်းနေချိန်ဆို သူက ဘာတစ်ခွန်းမှမပြောပဲ သူ့လက်ကို ကိုင်ထားတတ်သည်။

သူက လက်ဖျံနဲ့ ကောင်လေးကို ကိုင်ထားလိုက်ပြီးအရှေ့မီးကို ပိတ်ကာ ခဏလောက် အတူအိပ်ပေးဖို့ လုပ်လိုက်သည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now