Chapter 77

4.9K 729 24
                                    

|| Unicode ||

စားပွဲရှည်ကြီး​၏ ပတ်ပတ်လည်တွင် အဆင့်မြင့်Omega အယောက်20 ကျော်လောက်ရှိနေ​၏။ အားလုံးက မှတ်စုရေးရာမှာအာရုံစိုက်ထားကြသည်။ ဒေါက်တာကျူံးက ရုပ်လုံးကြွ projection ရှေ့မှာ ရပ်နေခဲ့ပြီး အဆင့်မြင့်Omgeaဂလင်းတွေ​၏မျိုးရိုးဗီဇအကြောင်းကို ဆွေးနွေးနေခဲ့သည်။

ရန်ရိက မေးထောက်လျက် နားထောင်နေပြီး ရံဖန်ရံခါ အဓိကသော့ချက်တွေကို မှတ်စုစာအုပ်ထဲမှာရေးချနေသည်။

ဒါသည် ထန်မုန့်ကိုယ်တိုင်ဝယ်ထားသော ဗီလာပင်။ မကြာမကြာဆိုသလို စာရေးသည့်စတူဒီယိုအဖြစ်လဲ သုံးလေ့ရှိ​၏။အဆင့်မြင်Omegaတွေဟာ စာဖတ်ရာမှတစ်ဆင့် အချင်းချင်း သိလာခဲ့ကြသည်။ အချိန်တွေကြာလာခဲ့သော် ဒီနေရာလေးက ကလပ်တစ်ခုသဖွယ်ဖြစ်လာခဲ့ချေပြီ။

ထိပ်တန်းစာရေးဆရာတစ်ယောက်ရဲ့ ပေါင်းသင်းနိုင်မှူဟာ ကြောက်စဖွယ်ပင်။ တစ်ခါတလေမှာဆို နိုင်ငံမတူ၊ မျိူးစိတ်မတူကြသော Omega တွေ ဒီနေရာမှာ စကားပြောရင်း ရယ်မောနေကြတာကို မြင်နိုင်နေသည်။

ဒေါက်တာကျူံးက အဆင့်မြင့်မှီခိုအမှတ်အသားပြုခြင်းနှင့်ဆိုင်သောသဘောကို ပြောလာသောအခါ ထိုသို့အတွေ့အကြုံရှိသည့်သူတိုင်းအား မေးလာခဲ့​၏။

ရန်ရိအပါအဝင် ဆယ်ယောက်မကသော Omega တို့က လက်ထောင်ပြလာကြသည်။ ရန်ရိမှလွဲ၍ တခြားOmegaအများစုမှာ J1သရုပ်ကွဲတွေဖြစ်ကြပြီး တချို့ကတော့ M2သရုပ်ကွဲတွေပင်။

ထန်မုန့်တောင် လက်ထောင်လေ​၏။

ရန်ရိ သူ့လည်ကုပ်ကို ကြည့်မိသော် အဆိပ်ပင်အရွက်သဏ္ဌာန် သင်္ကေတတစ်ခုက နီဖျော့ဖျော့ဂလင်းအရေပြားအောက်မှာတည်ရှိနေသည်။

မူလတုန်းက ရန်ရိဟာ ထန်မုန့်သည် သူကိုယ်တိုင်ထက် ပိုလွတ်လပ်လွယ်ကူသော ဘဝမှာနေထိုင်ခဲ့ရသည်ဟု ထင်ခဲ့သော်လည်း သူသည်လည်း အလားတူ ဥပါဒါန်ဖြင့် ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်သာ။

ဒေါက်တာကျူံးက နောင်တကြီးစွာဖြင့် အားလုံးကို လက်ချဖို့ပြောလိုက်ပြီး အဆင့်မြင့်မှီခိုခြင်း​၏လက္ခဏာရပ်တွေအကြောင်း ရှင်းပြရန် အဆင့်မတူသည့် Omegaကိုယ်စားလှယ်တို့အား ပန်ကြားလာသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now