Chapter 84

5.4K 758 109
                                    

|| Unicode ||

လက်ပ်တော့ဖန်သားပြင်ပေါ်၌ Message ဒါဇင်ကျော်ရှိနေသော်လည်း မည်သူတစ်ဦးတစ်ယောက်ထံမှ ပြန်စာရောက်မလာပေ​။ ထန်မုန့်က ဘားရှေ့မှာထိုင်နေလျက် အကူအညီအတွက်နောက်ဆုံး အီးမေးလ်ကိုပို့လိုက်ပြီး စားပွဲပေါ်မှာ စိုးရိမ်တကြီးဖြင့် လှဲချကာ ဆံပင်တွေကို ဆွဲဆုပ်လိုက်သည်။

အစည်းအဝေးခန်းမသည်ကား လူသူကင်းမဲ့ကာ တိတ်ဆိတ်နေ​၏။ ဒီနေရာမှာ လက်ဖက်ရည်သောက်လေ့ရှိကြသောOmega တွေကလဲ ဒီကနေ့မှာတော့ ပျောက်ဆုံးကုန်ပြီပင်။

ချန်းရှောင်အာက တစ်လုံးတည်းရှိသည့်ဆိုဖာမှာ သူ့ကျောပိုးအိတ်ကို ကိုင်လျက် ထိုင်ကာ ထန်မုန့်အား အသံတိတ်စိုက်ကြည့်နေခဲ့သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပဲ ထန်မုန့်က လက်ပ်တော့ပ်ကိုမှောက်ပစ်လိုက်ကာ ဘားပေါ်က ဝိုင်ပုလင်းတွေကိုလဲ ဖျက်ဆီးပစ်​၏။ များစွာသော ဝိုင်နီပုလင်းတွေမှာ ရိုက်ချိူးခံလိုက်ရလေသည်။

" ရန်ရိက သူတို့ကို ဘယ်လောက်တောင်ကူညီခဲ့သလဲ? သူတို့ကို တစ်ယောက်ပြီးတစ်ယောက်တောင် ရပ်တည်ချက်ပြင်ဆင်စေခဲ့တယ်။ အရေးကြီးအခိုက်အတန့်လဲရောက်ရော အားလုံးက သူတို့ကိုယ်သူတို့ပဲ ဂရုစိုက်ကြတယ်တဲ့လား " ထန်မုန့်မှာ မုန်းတီးခြင်းတွေနှင့် အံကြိတ်ထားမိသည်။ သူဟာ အကူအညီအတွက် မရေမတွက်နိုင်သော အီးမေးလ်တွေကိုပို့ပေးပြီး ရန်ရိကို ကူညီပေးနိုင်မယ့် အဆင့်မြင့်Omegaတွေကို ရဖို့ မျှော်လင့်ခဲ့သည်။ ရန်ရိက PBB ဌာနခွဲမှာ ပိတ်မိနေပြီး သူသိနိုင်သလောက်ဆိုလျှင် လုရှန့်ကျင် တစ်ကိုယ်ထီးတည်း သူ့ကို သွားကယ်နေတာဖြစ်​၏။

အကူအညီတောင်းတဲ့ အီးမေးလ်တွေက ပင်လယ်ထဲ နစ်သွားသည့်အလား။ ပြန်စာရတဲ့ လူနည်းစုကလဲ သူတို့မှာ ကလေးနဲ့မိသားစုတွေရှိတာကြောင့် သူတို့ဆုံပင်မဆုံဖူးတဲ့ Omegaတစ်ယောက်အတွက် ရှေ့ထွက်ပေးဖို့ သူတို့မှာ သတ္တိမရှိကြောင်းတောင်းပန်ရုံသာ။ သူတို့က ရန်ရိအကူအညီကို လက်ခံထားတာတောင်လေ။

ထန်မုန့်က သူ့ကျောပိုးအိတ်ကို ထုတ်ပိုး၍ ချန်းရှောင်အာနှင့် အလျင်စလို ထွက်ရန်ပြင်သည်။ " သွားစို့... လုရှန့်ကျင်တစ်ယောက်တည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now