Side Story II : Lu ShangJin

4.4K 674 15
                                    

|| Unicode ||


ဒီမနက်ခင်း၌ လုရှန့်ကျင် အာရုံမစိုက်နိုင်ဖြစ်နေပြီး ကော်ဖီခွက်ကို တိုက်ချမိကာ စာချုပ်တွေကို စိုရွှဲသွားစေခဲ့သည်။ ဒါဟာ သူအလုပ်လုပ်ကတည်းက လုပ်မိသည့် တတိယအကြိမ်မြောက် အမှားတစ်ခု၊ ပထမနဲ့ ဒုတိယအကြိမ်တို့ဟာ တမြန်မနေ့နဲ့ မနေ့က ဖြစ်ခဲ့တာပင်။

ဌာနချုပ်အဆောက်အအုံအဝင်မှာ လာရပ်တဲ့ Bentley ကားက ဘယ်သူလဲ? လုရှန့်ကျင်ဟာ ရန်ရိက လှေကားမှ အောက်ဆင်းလာပြီး နောက်ခုံက Alphaနဲ့ လက်ဆွဲနှုတ်ဆက်ကာ အပေါ်ထပ်ကို ခေါ်သွားသည်အား မြင်လိုက်ရသည်။

လက်ဆွဲနှုတ်ဆက်သည်က ဆယ်စက္ကန့်တင်းတင်းကိုင်ထားခံရတာဖြစ်သည်။

ရန်ရိက သူ့လက်ကို ဆယ်စက္ကန့်လောက်ကိုင်ဖို့ အရင်လက်ဦးမှုယူနိုင်တယ်ပေါ့?

သူ ပဟေဠိဖြစ်သွားရသည်။ သူဟာ ရှောင်တိမ်းသွားတဲ့ ခြင်္သေ့ပေါက်ကိုလဲ ပိတ်ထားခဲ့ပြီး ရန်ရိ​၏ လက်ထောက်ဟောင်းကိုလဲ ထွက်ပြေးစေခဲ့တာကို ဘာလို့ ဒါကြီးက ထပ်ရောက်လာပြန်တာလဲ? လုရှန့်ကျင်ဟာ alpha အမှတ်မထင် ဖော်လိုက်မိတဲ့ ခြေကျင်းဝတ်ကို သတိပြုမိလိုက်သည်။ အမှတ်စဉ်နံပါတ်က အလွန်တရာထူးခြားလှသည် : PBBw000012

နေ့လယ်ခင်း၌ သူဟာ သူငယ်ချင်းတွေနဲ့အတူ လက်တန်းဂိမ်းတစ်ခု ဆော့ခဲ့လေသည်။ရှဖျင့်ထျန်က သူ့ညီငယ်ဟာ အထူးတပ်ဖွဲ့ဝင်အဖြစ်အရွေးခံရကြောင်း ပြောပြလာခဲ့ကာ သူ့မျက်ခုံးတွေကို ပင့်လျက်, " မုန်တိုင်း တပ်စုက အဖွဲ့ဝင်တွေရဲ့နံပါတ်တွေက အကုန် PBBw နဲ့ စတယ်တဲ့ "

လုရှန့်ကျင်ဟာ ရုတ်တရက်ကြီး Alphaဟာ ရန်ရိတစ်ခါခေါ်လာတဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်း အမှတ်ရသွား​၏။

သူက စားဖိုမှူးကို နောက်ထပ်ဟင်းလျာနှစ်မျိူး ချက်ပေးရန် တောင်းဆိုလိုက်ပြီး ရန်ရိအတွက် ညနှောင်းပိုင်းအဆာပြေအဖြစ် အိမ်ကို ယူလာခဲ့လေသည်။သူတံခါးမှဝင်လာခဲ့သော် ဒုတိယထပ်တစ်ထပ်လုံး အိပ်ခန်းထဲက မီးသာဖွင့်ထားကြောင်း တွေ့လိုက်ရ​၏။ ရန်ရိက စာချုပ်ကိုလှန်လှောရင်း စားပွဲပေါ်မှာ ခေါက်ဆွဲတစ်ပန်းကန်စားနေခဲ့သည်။ ယုန်ကလေးကမူ အရုပ်လေးနဲ့ အိပ်ပျော်နေချေပြီ။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now