Chapter 90 【 Extra 2 : Looking For What You Didn't Say But Want 】

5.7K 762 11
                                    


|| Unicode ||



မြောက်ပိုင်းညလယ်ဘက်​၏ လေအေးတွေက ပေါ်နေတဲ့ အသားအရေကို ကုတ်ခြစ်သွား၍ အရိုးအက်ရာတွေထဲအထိတိုးဝင်သွားခဲ့လျှင် အစားခံလိုက်ရသလို စပ်ဖျဉ်းဖျဉ်းနှင့်။

တီရှပ်အပါးသာ ဝတ်ထားသော လုရှန့်ကျင်ဟာ ဌာနချုပ် ဘေးက ထောင့်ချိုးနားမှာ အချိန်အတော်ကြာတိုင်ရှိနေခဲ့လေသည်။သူ့လက်တွေအား ဘောင်းဘီအိတ်ထဲထည့်ထား၍ လက်ထပ်လက်စွပ်အဟောင်းလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ​၏။ ထိုနေ့က အင်ဂျင်နီယာအဖွဲ့​၏ အဟန့်အတားကို ခံခဲ့ရသော်လည်း သူဟာအုတ်ကျိုးအုတ်ပဲ့တွေကြားမှာတစ်နေကုန် လှန်လှောရှာဖွေခဲ့သည်။ ထို့နောက်မှာတော့ စတီးဘား​၏ မှန်ကွဲစမှသည် လက်စွပ်လေးကထွက်ကျလာခဲ့တာကြောင့် သူဟာ ပင်လယ်ပြင်မှာ ထိုင်ချလျက် သန့်ရှင်းလိုက်ကာ သူ့နှလုံးသားနှင့်အနီးဆုံးအိတ်ကပ်အတွင်းမှာ လေးလေးနက်နက် သိမ်းဆည်းခဲ့လေသည်။

သူA3ကို ပြန်ရောက်သည်နှင့် သူ့စိတ်ထဲမှ တစ်ခုတည်းသောအတွေးဟာ ရန်ရိဆီကို ချက်ချင်း ပြန်သွားဖို့ရာပင်။ သူ အရိုက်အကန်ခံရမယ်ဆိုရင်တောင် သူဟာ ရန်ရိကို ချက်ချင်း ထွေးပွေ့ချင်ပြီး လွှတ်မပေးပဲ တင်းတင်းဖက်ကာ ခေါင်းမာစွာဖြင့် နမ်းရှိုက်၍ ချစ်ပေးဦးမည်ပင်။

သွေးစွန်းလျက်ချွေးအေးတွေက သူ့အဝတ်တွေပေါ်မှာ နစ်နေခဲ့​၏။ဒါကတကယ်ကို ရှက်စရာကောင်းလှပါ​၏။ အရင်ဆုံးပြန်သွားပြီး သူ့ကိုယ်သူကို သန့်ရှင်းသင့်တာဖြစ်သည်၊ ယုတ်စွအဆုံးတော့ သူ့ကိုယ်အနှံ့က ဒဏ်ရာတွေကို ဖုံးရမည်ဆိုသည့်တိုင် သူတကယ် ရန်ရိကို တွေ့ချင်နေခဲ့လို့ပင်။

သူဟာ လုံခြုံရေးယူနီဖောင်းနှင့် ID Cardတစ်စုံကို ခိုးလိုက်ပြီး ရန်ရိ အခုဘာလုပ်နေသလဲဆိုတာကို တိတ်တိတ်လေး သွားကြည့်ချင်နေ​၏။

Omega ရဲ့ နားနေခန်း၌ မည်သူမှမရှိ။ ပွင့်လျက်သား အံဆွဲတစ်ခုကသာ ဆေးပုလင်းတွေ နှစ်တန်းလောက်ဖြင့် ပြည့်နှက်နေခဲ့ချေသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now