The Small Theatre

5.5K 733 42
                                    



『Unicode』

လုရန်အတွက် ဝယ်လာတဲ့ ရောင်စုံခြယ်စာအုပ်လိုပဲ နေ့ရက်တွေက တစ်စချင်းတစ်စ အရောင်အသွေးစုံလျက်။

လုရန် မူကြိုသွားရကတည်းက သူတို့နှစ်ယောက် နည်းနည်းလေးလောက်တော့ စိတ်အေးလက်အေးရှိခဲ့ရသည်။ သူတို့ကသူတို့အလုပ်တွေနဲ့ အလုပ်များနေခဲ့ပြီး အရာရာတိုင်းက အစီအစဉ်တကျပါပင်။

အစည်းအဝေးပြီးသည်နှင့် တပြိုင်နက် လုရှန့်ကျင်ဟာ ရန်ရိထံမှ ဖုန်းတစ်ကော လက်ခံရခဲ့သည်။

" မင်းသားက ကျောင်းမှာ ပြဿနာဖြစ်လို့တဲ့ " ရန်ရိက သူ့နှာခေါင်းကို ဖိလိုက်ပြီး စာရေးခုံပေါ်က သူ့ဖောင်တိန်ကို လှည့်နေလိုက်သည်။ " ငါ့ကို လာခေါ်.. ငါဒီနေ့ ကားမမောင်းခဲ့ဘူး "

တစ်ချိန်တည်းမှာပင် မိဘတော်တော်များများကို မူကြိုအခေါ်ခံထားရတာဖြစ်ပြီး သူတို့တွေ ထန်မုန့်နှင့် ပိရွေ့ကျင်းကိုပါဆုံလိုက်ရ​၏။

ပိရွေ့ကျင်က လုရှန့်ကျင်ပုခုံးပေါ် တင်လိုက်ပြီး စူးစမ်းလာသည်။ " ဆရာပြောတာကတော့ ငါ့သားက ရန်ဖြစ်ဖို့ အဖွဲ့လိုက်စုတယ်တဲ့။ ငါ့သားက အခုမှ အကြီးတန်းလေးပဲရှိသေးတာပါ..သူက အဖွဲလိုက် ဖိုက်နိုင်နေပြီလား? "

လုရှန့်ကျင်က ကားတံခါးကို မှီလိုက်ပြီး သူ့လက်တွေကို ကားလိုက်သည်။ " ကျွန်တော့်သားက အငယ်တန်းလေးပဲရှိသေးတာ။သူက Omegaသေးသေးလေးပဲလေ... ကျွန်တော်သူ့ကို ကျူရှင်ဆရာနဲ့ သင်ဖို့ ပြောခဲ့ပေမယ့် ရန်ရိက ကလေးတွေနဲ့ ကြီးပြင်းလာရတာက အကျိူးပြုတယ်လို့ ပြောပြီး ငြင်းခဲဲ့တာ။ကြည့်ဦး အနိုင်ကျင့်ခံရတာလား? ဘယ်အကောင်ပေါက်လေးကများ ကျွန်တော်သားကို အနိုင်ကျင့်လဲ ကြည့်ကြသေးတာပေါ့ "

ရန်ရိက နားရွက်လေးတွေထောင်၍ ပုခုံးခါလိုက်ပြီး " မင်းတာဝန်တွေကို ခေါင်း​ရှောင်မနေနဲ့ "

ရုံးခန်းထဲမှာတော့ အဆိပ်ပင်အတန်းနှင့် အပင်စားတိရစ္ဆာန်အတန်းက အတန်းပိုင်ဆရာနှစ်ယောက်ဟာ မိဘအများအပြားကို စောင့်ဆိုင်းနေကြလေသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now