Chapter 3

6.7K 899 41
                                    


|| Unicode ||

လုရှန့်ကျင်က ရန်ရိကို တစ်ချက်ကြည့်လာသည်။

အကြည့်တစ်ချက်ပင် ရန်ရိရဲ့ ခြေထောက်တွေကို ကြောက်ရွံ့နေသည့် ငှက်တစ်ကောင်လို ပျော့ခွေသွားစေနိုင်သည်။ လုရှန့်ကျင်မှာပဲ ဒီစွမ်းရည်ရှိသည်။ ရန်ရိအတွက် သူ့မျက်လုံးတွေက UMP91* ထက် ပိုခြိမ်းခြောက်နိုင်​၏။

[ UMP 91 = သေနတ် ]

ရန်ရိ​၏ နီမြန်းနေသည့် နှာလုံးလေးက မြန်မြန် တုန်သွားသည်။ အန္တရာယ်မဖြစ်စေရန် သူ့ အလိုလိုနောက်ဆုတ်သွား​၏။

လုရှန့်ကျင်က သူ့ဖုန်းကို လှမ်းပစ်ပေးလာပြီး " လူနာတင်ကားခေါ်လိုက် "

လက်ချောင်းတွေက တုန်နေသောကြောင့် ရန်ရိသည် ဖုန်းကို ဖမ်းမမိလိုက်လု ဖြစ်သွားသည်​။ ဖုန်းက သူ့ရင်ဘတ်ပေါ်လျှောကျသွားပြီး ညှပ်ရိုးတွေကို ထိသွားရသည်။ နာကျင်မှုဟူသည်အား လျစ်လျူရှုရင်း နံပါတ်တစ်ခုကို ခေါ်ကာ အသံတိုးလေးနဲ့ ပြောလိုက်သည်။ " ဟုတ်ကဲ့... မကွဲပြားသေးတဲ့ ဂလင်းတွေမနိုးထသေးတဲ့ လူသားOmegaတစ်ယောက်ပါ။အရိုးအက်တာမဟုတ်ရင် အရိုးကျိုးတာ ဖြစ်နိုင်ပါတယ် "

သူ ဖုန်းပြောနေရင်း လုရှန့်ကျင်ကို ကြည့်မိသည်။

Omegas များဟာ နုနယ်ပြီး မခွဲခြားရသော အမြုံဂလင်းများပါရှိသော လူသားOmegaတွေက ပိုပြီးခံနိုင်ရည်ရှိကြသည်။ယွမ်မီရဲ့မျက်လုံးများကတော့ နာကျင်မှုအပြည့်ဖြင့် လုရှန့်ကျင်အား အားပျော့စွာ လက်ဆန့်ပေးလာသည်။

လုရှန့်ကျင်က ကုန်းလိုက်ပြီး ယွမ်မီကို ကောက်ပွေ့ကာ နာကျင်နေသော Omega ကို သက်သာစေရန် သူ့​၏ ချွေးသိပ်ပေးသည့် Pheromone တွေကို ထုတ်ပေးပြီး မျက်ရည်တွေကို သုတ်ပေးသည်။

နှစ်သိမ့်ခံရင်း ယွန်မီက လုရှန့်ကျင် လက်မောင်းကြားမှာ သူ့ကိုယ်သူ မြှုပ်နှံထားပြီး ဖြူလျလျ လက်များက သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လာခဲ့သည်။ လုရှန့်ကျင် သူ့ကို ဖက်ထားဖို့ တရှုံ့ရှုံ့ငိုရှိုက်သံတွေနဲ့ တောင်းပန်ရင်းအထိတ်တလန့်ဖြစ်နေတဲ့ Pheromone တွေကို လေထုထဲမှာ ထုတ်ပြထားသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now