Chapter 27

5.8K 807 9
                                    


|| Unicode ||

ရှေးပန်းချီတွေရေးဆွဲထားတဲ့ မြို့လေးရဲ့ လမ်းကြားတွေက ညဘက်မှာဆို ထိန်းလင်းနေသလိုပင်။ ဘားထဲက မီးရောင်တွေကလဲ တဖျတ်ဖျတ် ယိမ်းထိုးနေကြပြီးအရူးအမူးနဲ့ သိမ်မွေ့ညင်သာစွာ သီချင်းဆိုသံက ဂီတာကြိုးသံနှင့်အတူ ပျံ့လွင့်သွားခဲ့ပေသည်။

ပုရွက်ဆိတ်တွေက အစိမ်းရောင်အုတ်တွေတစ်လျှောက်ဟိုဟိုဒီဒီလျှောက်သွားရင်း နွယ်ပန်းပင်တွေပေါ်တက်ကာဂန္ဓမာပန်းချပ်များပေါ်၌ ၎င်းတို့​၏လက်တွေကို စီိစဉ်နေကြပေသည်။

လုရှန့်ကျင်က ဂီတနှင့်အတူ လှုပ်ယမ်းနေသည့် ဘား လော်ဘီမှ အရိပ်တွေကို ဖြတ်လျှောက်လာခဲ့ပြီး Pheromone ထုတ်၍ဘားနားကို ချည်းကပ်လာခဲ့လေသည်။

M2 အဆင့်မြင့် pheromone တွေက နယ်မြေကို အားကောင်းကောင်းနဲ့ သိမ်းပိုက်လိုက်သည်အား ကိုယ်စားပြုသည်။ ဘားထဲရှိ လူအုပ်ကြီးမှာ မကောင်းတဲ့ အရှိန်အဟုန်​တွေ ချည်းကပ်လာတာကို ခံစားလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက်နောက်ဆုတ်ကုန်ကြ​၏။ ရန်ရိကို စကားကပ်ပြောနေကြတဲ့alpha အနည်းငယ်မှာလဲ ချက်ချင်းပင် သူတို့ရဲ့မျက်နှာပေါ်က ရွှတ်နောက်နောက် အပြုံးတွေကို ရုတ်သိမ်းလိုက်၍ ဘေးဖက်ကို မြန်မြန်ပြန်ဆုတ်ခွာသွားတော့သည်။

" ဒီမှာ တကယ်ကြီး M2 alpha ရှိနေတယ် " တခြားသူတွေက တီးတိုးပြောလာကြသည်။ " ယုန်ဖြူလေးက ပစ်မှတ်ထားခံလိုက်ရပြီ။ သွားစို့...အကောင်ကြီးကြီးရဲ့သားကောင်ကို သွား မဖမ်းလေနဲ့... "

လုရှန့်ကျင်က ခုံမြင့်ပေါ်တွင်ထိုင်လိုက်ပြီး လက်နှစ်ဖက်ဖြင့်မေးစေ့ကိုထောက်၍ တံတောင်ဆစ်တွေကို ဘားပေါ်တင်ကာရန်ရိကို လေးလေးနက်နက် ကြည့်လိုက်သည်။

ရန်ရိက မတ်တပ်ထရပ်၍ သက်တောင့်သက်သာမဖြစ်စွာဖြင့် ညာလက်သူကြွယ်ပေါ်က လက်စွပ်လေးကို ဖွဖွ ပွတ်လိုက်မိသည်။ သူက သူ့ရဲ့ အဖြူနဲ့ အနီရောင် လက်ချောင်းထိပ်တွေကို ကြည့်ဖို့ရာ မျက်လွှာချထား​၏။

" မင်းက ငါ့ဧည့်သည်တွေအကုန်လုံးကို ခြောက်နေတယ် " ရန်ရိက မျက်လွှာချထားရင်း ညည်းပြလာသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now