Chapter 24

6K 887 45
                                    

|| Unicode ||

ရန်ရိဟာ သန်မာသောလက်တစ်စုံဖြင့် ပူးကပ်ခံထားရကာ ရင်းနှီးသောထိတွေ့မှုက သူ့စိတ်ထဲရှိ အမှတ်တရတွေကို ခဏလောက်တော့ ရှာမတွေ့နိုင်ဖြစ်သွားရသည်။ လုရှန့်ကျင်ဟာ ဘယ်နှစ်ကြိမ်လောက်များ သူ့လက်တွေကို ခတ်ပြီး ကိုယ်လက်နှီးနှောဖို့အတွက် သူ့အောက်မှာ ဖိထားခဲ့ဖူးသလဲ။ ပြီးလျှင် နွေးထွေးရိုးရှင်းတဲ့ထွေးပွေ့မှုက ဘယ်လိုမျိူးလဲဆိုတာကိုတဖြည်းဖြည်းမေ့သွားခဲ့ရပါပြီ။

ဒီလက်တွေရဲ့ ထိန်းချုပ်မှုကို သူလွယ်လင့်တကူ ခုခံနိုင်တဲ့အခါတိုင်း သူ ဘယ်တော့မှ ဒီလိုမလုပ်ခဲ့ပေ။ ဒီလက်တွေ သူ့အတွက်ပေးခဲ့တဲ့ နွေးထွေးမှုနဲ့ နာကျင်မှုတွေကို ဘယ်တော့မှ မငြင်းပယ်ခဲ့ပါ။

ဧပြီလရဲ့ နောက်ဆုံးအချိန်ဖြစ်တဲ့အလျောက် နွေဦးရာသီမှာ အေးသည်။ ပြတင်းအပြင်ဘက်ရှိ ပန်းအိုးထဲက ခရမ်းရောင်ဂန္ဓမာပန်းပွင့်လေးက အေးမြမြလေညှ်းလေးကြောင့် လှုပ်ယမ်းနေသည်။ရန်ရိက ရှပ်အင်္ကျီတစ်ထည်ကိုပဲ ၀တ်ထားပြီး လုရှန့်ကျင်ရဲ့ ရင်ခွင်ထဲမှာ တုန်ယင်နေပါသည်။

လုရှန့်ကျင်က သူ့လက်မောင်းတွေကို တင်းကျပ်၍ ရန်ရိအား ဖက်ထားသည်။ " ရေချိူးချင်လား? "

လုရှန့်ကျင်ဟာ အမှန်တကယ်ပင် သူ့ကို ရေချိုးဖို့ ခေါ်သွားချင်ခဲ့ဖြစ်သည်။

ရန်ရိက စိုးရိမ်စွာနဲ့ သူ့ခန္ဓာကိုယ်ကို ဆန့်လိုက်ပြီး လုရှန်ကျင်ရဲ့ ရင်ဘတ်ကို တွန်းလိုက်​၏။ " အောက်ချပေးပါ "

လုရှန့်ကျင်က ခဏမျှ ကြောင်အမ်းသွားရပြီး " ငါမင်းကို ဖက်ထားတာကို မကြိုက်လို့လား? "

ကိစ္စတွေက မျှော်လင့်ထားသလို ဖွံဖြိုးမလာပေ။ လုရှန့်ကျင် အံ့သြသွားရသည်။ သူ့ရဲ့ ယုန်ကလေးက သူ့ကို အမြဲတစေသဘောကျနေခဲ့တာလေ​။ သူ့ကို နွေးနွေးထွေးထွေးအသွင်ကို သူ ပေးနေသရွေ့ ရန်ရိက ဝမ်းသာပီတိဖြစ်နေလိမ့်မည်ပင်။

သူ ပေးသမျှ အရာအားလုံးကို သေချာတန်ဖိုးထားတတ်ပြီး ပြီးခဲ့သည့်ရက်အနည်းငယ်လောက်က သူ့မွေးနေ့အတွက်မုန်လာဥနီရင်ထိုးလေးကို ရတုန်းကတောင် အရမ်း ပျော်ရွှင်နေခဲ့လေသည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now