Chapter 91【 Extra 3 : If I Don't Let You Go After Many Years 】

5.8K 862 28
                                    


" နှစ်တွေအများကြီးကြာပြီးမှ ငါမင်းကို လက်မလွှတ်နိုင်သေးရင် "



" အိပ်ရာထဲမသွားခိုင်းနဲ့... ဖက်ဖို့လဲ မရဘူးပဲပြောမယ် " လုရှန့်ကျင်က ခေါင်းယိမ်း၍ သူ့ပါးနှင့် နှုတ်ခမ်းကို နမ်းလိုက်သည်။ သူ့လက်မောင်းက ရန်ရိ ခါးသိမ်သိမ်ကို ရစ်ပတ်လာခဲ့ပြီး လျှာဖျားကလဲ ယှက်သွယ်၍ စက္ကန့်ပေါင်းများစွာ နင့်နင့်နဲနဲ နမ်းရှိုက်လာခဲ့သည်။

ရန်ရိက သူ့လက်မောင်းထဲမှ ရှောင်လုရန်လေးကို ခေါ်လိုက်ပြီး ယုန်နားရွက်လေးတွေက ကလေးမျက်လုံးလေးတွေကို ကာပေးလိုက်​၏​။ထို့နောက် Alpha လက်မောင်းထဲမှ ရုန်းထွက်လိုက်ပြီး အသံတိုးတိုးဖြင့် အပြစ်ဖော်လိုက်လေသည်။

" ကလေးရှေ့မှာ လူရမ်းကားလို ကစားနေတာ "

လုရှန့်ကျင်က ရှောင်လုရန်ရဲ့ ခေါင်းလေးကိုပွတ်ပေးလိုက်ပြီး ဒါက ဖေဖေ့ရဲ့ အချစ်တွေဖြစ်ကြောင်း၊ လုရန်အရွယ်ရောက်လာတဲ့အခါ ဒီလိုကိစ္စမျိူးတွေကို သူအချစ်ရဆုံးသူနဲ့ပဲ လုပ်နိုင်ကြောင်း နွေးထွေးစွာ ပြောပြလိုက်သည်။

ရှောင်လုရန်မှာ ရန်ရိ​၏ ယုန်နားရွက်လေးတွေနှင့် အပိတ်ခံထားရသည့်တိုင် ခေါင်းမော့၍ တခစ်ခစ်ရယ်ကာ နာခံစွာအသံပြုလာသည်။

ရန်ရိ စိတ်ဆိုးသွားပြီိး သူ့စိတ်ခံစားချက်တွေကို မမြင်အောင် မျက်လွှာချလိုက်လေ​၏။

လုရှန့်ကျင်က သူ့လက်မောင်းတွေကို ခပ်တင်းတင်းလေး ဆုပ်လိုက်ပြီး ခေါင်းငုံ့ကာ ရန်ရိလည်ပင်းကို နမ်းလာ​၏။ သူ့နှုတ်ခမ်းကချောမွေ့သည့်ဂလင်းတွေ အပေါ်တွင် ပွတ်သျှပ်နေသည်မှာ ရင်ခွင်ထဲက Omega လေး တသိမ့်သိမ့်တုန်ယင်လာသည်အထိပင်။ သူက သူ့နားထဲကို တိုးတိုးလေးပြောလိုက်လျှင် သူ့အသံမှာ နိမ့်၍ ဆွဲဆောင်နိုင်လှစွာ။

" ကိုယ်...... အိမ်ပြန်လာလို့ရလား? "

ရန်ရိက လက်မြှောက်၍ သူ့နှာခေါင်းလေးတွေကို ပွတ်လိုက်​၏။သူက ကလေးကို ပင့်ချီလိုက်ရင်း လည်ဇလုပ်လေးက တလှုပ်လှုပ်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now