Weibo's Short Story - 1

2.8K 278 5
                                    


Unicode 


ကျင်ကောက အချိန်ခရီးသွားခဲ့သည်။



လုရှန့်ကျင်က ရန်ရိကို ဂလင်းပြောင်းဖို့ မေးလိုက်သည့်အချိန်ကို အချိန်နောက်ပြန်ခရီးသွားခဲ့သည်။

ရန်ရိက ဖုန်းထဲမှ အားပျော့စွာဆိုသည်။ " ကျင်ကော.... မင်းက ဟမ်းစတားတွေကို အဲ့လောက်တောင် ကြိုက်တာလားဟင်? ငါလဲ ငါ့နားတွေကို ဖိညှပ်ထားလိုက်ရင် ဟမ်းစတားလေးနဲ့ တူသွားလောက်မယ်နော် "

သူ ဖုန်းထဲကနေ ပြောခဲ့သည်မှာ " ရှဉ့်လိုကြွက်လိုဟာကို ငါက ဘယ်လောက်ထိ စိတ်ဝင်စားနေမယ်လို့ မင်းထင်နေတာလဲ? ကောင်းပြီ ရန်ရိ... ပြန်မလာခဲ့နဲ့။ မင်း အပြင်မှာ ဘယ်လောက်ထိ ကြာကြာနေနိုင်မလဲ ငါ ကြည့်နေမယ် "

ရန်ရိ ကြောင်အမ်းသွားလျက် ၊ ယုန်နားရွက်လေးတွေကလဲ တုန်ယင်စွာ ကုတ်ကျသွားတော့သည်။

ဖုန်း​၏ တစ်ဖက်၌ အငြင်းပွားမှုတစ်ခု ဖြစ်သွားဟန်တူ​၏။ သူ​၏ ကျင်ကောမှာ မည်သူ့ထံမှ အထိုးခံလိုက်ရသလဲ မသိ၊ ထိုပုဂ္ဂိုလ်က ခက်ထန်စွာ ကြိမ်းမောင်းလာခဲ့သည် : " ချီးပဲ လစ် ! ငါ့ကိုဖုန်းပေးစမ်း ! သောက်ရူးကောင် မင်းက ငါ့မိန်းမလေးကို နှစ်တွေအများကြီးလိုက်ရအောင် လုပ်ခဲ့တာ ၊ ကြည့် ! ဒီလက်က အသုံးမဝင်တော့တာကိုကြည့်လိုက်စမ်း..... "

ရန်ရိမှာ ဖုန်းတစ်ဖက်မှ ငြိမ်သက်သွားတာကိုကြားနေရပြီး ကျင်ကောက ဖုန်းကို ပြန်ယူကာ သူ့ကိုပြောလာ​၏ : " ရန်ရန် ၊ကိုယ်တို့က ဟမ်းစတားတွေကို မကြိုက်ပါဘူး။ မင်း နားတွေကိုဖိညှစ်စရာလဲမလိုဘူး။ မင်းကသာ ကောရဲ့ ပေါင်ပေ့အာလေးပါပဲ။ အဲ့ဒီမှာထိုင်ပြီး ကိုယ့်ကိုစောင့်နေ ၊ ကိုယ်ချက်ချင်း မင်းကို လာခေါ်မယ် "

ရန်ရိမှာ အသံတိတ်နားထောင်နေခဲ့ပြီး နှာဖျားထိပ်လေး နီရဲလာတော့သည် :

" ကော..... ငါမင်းကို လွမ်းတယ်။ငါ အိမ်ပြန်ချင်တယ် "

____


Zawgyi

က်င္ေကာက အခ်ိန္ခရီးသြားခဲ့သည္။



လုရွန႔္က်င္က ရန္ရိကို ဂလင္းေျပာင္းဖို႔ ေမးလိုက္သည့္အခ်ိန္ကို အခ်ိန္ေနာက္ျပန္ခရီးသြားခဲ့သည္။

ရန္ရိက ဖုန္းထဲမွ အားေပ်ာ့စြာဆိုသည္။ " က်င္ေကာ.... မင္းက ဟမ္းစတားေတြကို အဲ့ေလာက္ေတာင္ ႀကိဳက္တာလားဟင္? ငါလဲ ငါ့နားေတြကို ဖိညႇပ္ထားလိုက္ရင္ ဟမ္းစတားေလးနဲ႔ တူသြားေလာက္မယ္ေနာ္ "

သူ ဖုန္းထဲကေန ေျပာခဲ့သည္မွာ " ရွဉ့္လိုႂကြက္လိုဟာကို ငါက ဘယ္ေလာက္ထိ စိတ္ဝင္စားေနမယ္လို႔ မင္းထင္ေနတာလဲ? ေကာင္းၿပီ ရန္ရိ... ျပန္မလာခဲ့နဲ႔။ မင္း အျပင္မွာ ဘယ္ေလာက္ထိ ၾကာၾကာေနနိုင္မလဲ ငါ ၾကည့္ေနမယ္ "

ရန္ရိ ေၾကာင္အမ္းသြားလ်က္ ၊ ယုန္နားရြက္ေလးေတြကလဲ တုန္ယင္စြာ ကုတ္က်သြားေတာ့သည္။

ဖုန္း​၏ တစ္ဖက္၌ အျငင္းပြားမွုတစ္ခု ျဖစ္သြားဟန္တူ​၏။ သူ​၏ က်င္ေကာမွာ မည္သူ႔ထံမွ အထိုးခံလိုက္ရသလဲ မသိ၊ ထိုပုဂၢိဳလ္က ခက္ထန္စြာ ႀကိမ္းေမာင္းလာခဲ့သည္ : " ခ်ီးပဲ လစ္ ! ငါ့ကိုဖုန္းေပးစမ္း ! ေသာက္႐ူးေကာင္ မင္းက ငါ့မိန္းမေလးကို ႏွစ္ေတြအမ်ားႀကီးလိုက္ရေအာင္ လုပ္ခဲ့တာ ၊ ၾကည့္ ! ဒီလက္က အသုံးမဝင္ေတာ့တာကိုၾကည့္လိုက္စမ္း..... "

ရန္ရိမွာ ဖုန္းတစ္ဖက္မွ ၿငိမ္သက္သြားတာကိုၾကားေနရၿပီး က်င္ေကာက ဖုန္းကို ျပန္ယူကာ သူ႔ကိုေျပာလာ​၏ : " ရန္ရန္ ၊ ကိုယ္တို႔က ဟမ္းစတားေတြကို မႀကိဳက္ပါဘူး။ မင္း နားေတြကိုဖိညႇစ္စရာလဲမလိုဘူး။ မင္းကသာ ေကာရဲ့ ေပါင္ေပ့အာေလးပါပဲ။ အဲ့ဒီမွာထိုင္ၿပီး ကိုယ့္ကိုေစာင့္ေန ၊ ကိုယ္ခ်က္ခ်င္း မင္းကို လာေခၚမယ္ "

ရန္ရိမွာ အသံတိတ္နားေထာင္ေနခဲ့ၿပီး ႏွာဖ်ားထိပ္ေလး နီရဲလာေတာ့သည္ :

" ေကာ..... ငါမင္းကို လြမ္းတယ္။ငါ အိမ္ျပန္ခ်င္တယ္ "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now