Chapter 56

5.1K 717 28
                                    

|| Unicode ||


" မလိုအပ်ရင် သူတို့နဲ့ အပြန်အလှန် ပစ်ခတ်စရာမလိုဘူး " လုရှန့်ကျင်က သူ့ကို ဆေးထိုးပေးလိုက်ပြီး သူ့အင်္ကျီလက်ကိုလဲ ပင့်ကာ သူ့ကိုယ်သူ ထိုးလိုက်သည်။

" မြန်မြန် "

" ဒါက ဘာလဲ "

" ငါ့ အဖေရဲ့ ဆဲရမ်( အရည်ကြည် ) "

ပုတ်သင် omega ဂလင်းဆဲရမ်ဟာ ထိုးပြီးသည်နောက် အပူဒဏ်၊ ခြေလှမ်း ထောက်လှမ်းခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကိုကာကွယ်ပေးနိုင်ပါသော်လည်း လူမျက်လုံးကိုတော့ ကာကွယ်မပေးနိုင်ပေ။

ရှကျင့်ထျန် ခဏမျှ ကြောင်အသွားပြီး သူ့ကိုယ်သူ သေသပ်စွာ ထိုးလိုက်လေသည်။

" အာနိသင်ကတော့ တစ်နာရီပဲ ကြာမယ်။ နာရီဝက်အတွင်း မင်းက သတ္တုတံခါးသုံးခုကို ဖြတ်ပြီး မြေအောက်အအေးခန်းဆီ ရောက်နိုင်မှဖြစ်မယ် "

လုရှန့်ကျင်က မေ့ဆေးအပ်တွေနဲ့ လက်အိတ်တွေကို ဝတ်လိုက်ပြီး လှေကားဘက်ကို ပေါ့ပေါ့ပင် လှည့်ဆင်းသွားတော့သည်။ " ဘယ်ဘက်က ကင်းလှည့်နေတာကို သွားကိုင်လိုက်၊ အဖွဲ့ရွှေ့သွားပြီဆို ငါက တံခါးဖွင့်မယ် "

"copythat~" ရှကျင့်ထျန်က နှုတ်ခမ်းတွေစေ့သွားပြီး သူ့နားကြပ်ကို ခေါက်လိုက်သည်။ သူက တခြားတစ်ဖက်မှလှေကားကနေ လှည့်ဆင်း၍ ကြောင်ကြီးတစ်ကောင် အစာရှာသလို အသံတိတ်ပင် အခြေချလိုက်​၏။

လုရှန့်ကျင် သူ့နားထင်သူ ဖိလိုက်မိပြီး မြန်မြန်ပင် အပူဓာတ်ရှိသည့် သတ္တုလုံခြုံရေးတံခါးထံ ချည်းကပ်လိုက်သည်။

ကင်းလှည့်အဖွဲ့က ရှကျင့်ထျန်လုပ်လိုက်တဲ့ လှုပ်ရှားချက်တို့ဖြင့် အာရုံပါသွားကာ ရှောင်သွားလျှင် လုရှန့်ကျင်က ဝင်လမ်းထိန်းချုပ်လောခ့်​၏ ရှေ့အကာကို ကော်ဖွင့်လိုက်သည်။ ထို့နောက် လမ်းကြောင်းအား ဖွဖွဖွင့်ကာ J1 စွမ်းရည် ကန့်သတ်အမြင်ကို စတင်လုပ်ဆောင်၍ ညာဘက် မျက်ဆံတို့ ဆုံသွားလျှင် သေးနုတ်သည့် အဆက်တို့အား ဖွင့်ရန် အပ်မျှင်တစ်ချောင်းကို အသုံးပြုလိုက်သည်။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now