Chapter 70

6.4K 845 96
                                    

|| Unicode ||

ရိုးရိုးသားသားဆိုပါရလျှင် အခု သူ့ရှေ့မှာရပ်နေသော ရန်ရိသည် အကြမ်းအားဖြင့် လုရှန့်ကျင်မျှော်မှန်းထားသည်မျိူးပင်၊ သူ ပုံဖော်ထားတာထက် ပိုပြီးတည်ငြိမ်နေရုံလေး။

စိတ်ထဲကနေ အရိုက်ခံဖို့ အသင့်ဖြစ်နေပြီး သူရလိုက်သည်က ခပ်ပေါ့ပေါ့မေးခွန်းဖြစ်လိုက်သည့်တိုင် အကြောင်းပြချက်မရှိ ပိုလို့တောင် အထိတ်တလန့် ဖြစ်သွားရလေတော့​၏။

သူက စီးကရက်မီးညှိဖို့ တံခါးကို မှီလိုက်သောအခါ မီးတောက်က နှိမ့်ထားတဲ့ မီးခိုးရောင်မျက်ဆံတွေကို ရောင်ပြန်ဟပ်လာလေရာ မျက်လုံးထဲမှ အထီးကျန်ဆန်ခြင်းတို့ဟာ ပိုပြီး သိသာရှင်းလင်းလာခဲ့သည်။

လုရှန့်ကျင်က သူ့ကို ထိဖို့ လက်မြှောက်ချင်သော်လည်း သူ့လက်ထိပ်ဖျားတို့က ခပ်ရွေ့ရွေ့လှုပ်သွားကြပြီး ထိန်းလိုက်ခြင်းဖြင့် လက်ဖဝါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတော့သည်။

သူ့ရင်ထဲမှာ တောင်းပန်ခြင်းနှင့် အပြစ်စကား ဆယ်ကြောင်းမက စဉ်းစားထားပါသော်ငြား သူ ပြောလိုက်သည်ကတော့ " .... အိမ်ပြန်ရောက်ရင် ကိုယ် ညအဆာပြေလုပ်ပေးမယ် "

ရန်ရိက နှုတ်ခမ်းထောင့်တွေ ယောင်ယောင်လေး ပင့်တက်သွားပြီး လက်ချောင်းများကြားမှ တစ်လက်လက် မီးတောက်ကိုငုံ့ကြည့်နေခဲ့သည်။ " အိမ်ပြန်မယ်... မင်းရဲ့အိမ်ပြန်မှာလား ? "

" ကိုယ်တို့အိမ်အသစ်လေ။ မင်း မမှတ်မိဘူးလား? နှစ်ရက်လောက်နေရင် စာကြည့်ခန်းရဲ့နံရံပြင်ကိုအသစ်ပြင်ဖို့ရောက်လာအုံးမယ် " လုရှန့်ကျင်က အသံနိမ့်ဖြင့်ရှင်းပြရင်း ဒရိုင်ဘာကို မကြားသင့်သည်များ မကြားရစေရန် လှိမ့်ထွက်သွားဖို့ မှန်ကို ခေါက်လိုက်သေးသည်။

ရန်ရိမျက်လုံးထဲမှာ ရုန်းကန်နေရတဲ့ ခံစားချက်တချို့ ဖြတ်ပြေးသွားသည်။

ပြီးခဲ့သည့် နှစ်တွေတုန်းက လုရှန့်ကျင်​၏ စဉ်းစဉ်းစားစား ဂရုစိုက်မှုများနှင့် အချစ်တွေကို သူသတိရမိပါသည်။ ယင်းက အသက်၁၇အရွယ်​၏ နွေဦးအစောပိုင်း၌ သူ့ပါးပြင်တွေပေါ်ကျဆင်းလာသော မိုးဖွဲလေးတွေနှယ် ညင်သာသိမ်မွေ့ပါ​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now