Chapter 49

5.4K 720 27
                                    

|| Unicode ||

လုရှန့်ကျင်က စတီယာရင်ဘီးပေါ်မှာ ခဏလောက် အိပ်ပျော်သွားပြီး၊ ကျောပြင်နဲ့ လဲဖို့ရာအချိန်မရှိနေတဲ့ Suit​၏ဘောင်းဘီတို့မှာ တွန့်ကြေကုန်သည်။

သူနိုးလာသော် သူ့မျက်နှာကို ထိကြည့်လိုက်မိသည်။ ရက်အနည်းငယ်အကြာ မရိတ်ရသေးတဲ့ မုတ်ဆိတ်ငုတ်တိုတွေရှိနေ​၏။ သူက အပို သင်တုန်းဓားကိုယူရန် ခရီးသည်ခုံဆီကို ကိုင်းလိုက်မိသည်။ ယုန်ကလေးရဲ့ အသားအရေက နူးညံ့ချောမွေ့တာကြောင့် ချော့နေစဉ်အတွင်း သူ့ကို မနာကျင်စေချင်ပေ။

လည်ပင်းနဲ့ မေးတွေ ချောမွတ်သေသပ်သွားမှသာ လုရှန့်ကျင်ဟာ လည်ပင်းပေါက်ကို လျော့ရဲရဲဖြစ်အောင် လက်တစ်ဖက်ဖြင့်ဆွဲလိုက်မိသည်။ အရင်တုန်းက သူဟာ ပြင်ညီမျဉ်းမှ လည်စည်းကလစ် လမ်းလွဲသွားရင်တောင် မခံနိုင်ပါသော်လည်းအခုမူ ရှုပ်ပွနေတဲ့ လည်စည်းကို သဘောရှိသလိုသာ ဆွဲလိုက်တော့သည်။

အားလပ်ရက်တွေ ပြီးသွားပြိီမို့ ကလေးတွေကို မိဘတွေ က တစ်ယောက်ပြီးတစ်ယောက် လာပို့နေကြ​၏။

ကျောင်းဂိတ်အပြင်ဘက်၌ လုရှန့်ကျင်ရဲ့ ကားကို သာမန် Toyota ကားတစ်စီးနဲ့ အစားထိုးလိုက်သည်။သူသည်ကားကျောင်းဂိတ်ဝမှာ ရပ်ထားသော ဇိမ်ခံကားမြောက်မြားစွာထဲမှ မထင်မရှား ကျောက်တုံးလေးတစ်တုံးလို ဖြစ်နေတာကြောင့် ဘယ်သူကမှ သူ့ကို သတိမထားမိပေ။

လုရှန့်ကျင်က ကျောင်းအနီးက ပဒိုင်းညို pheromone ကို ရှာဖွေဖို့ရာ အာရုံစိုက်ထား​၏။ ဒရိုင်ဘာတစ်ယောက်ကသည်ပင့်ကူလေးကို လာပို့လိမ့်မည်ဟု သူ ခန့်မှန်းထားသည်။

ဆယ်မိနစ်ကြာသော် လုရှန့်ကျင် ရုတ်တရက်တောင့်သွားပြီး ခေါင်းမော့ကြည့်လိုက်၍ လေထဲမှာ ပိုနီးကပ်လာနေတဲ့ ရင်းနှီးသောရနံ့အား ဂရုတစိုက် ခံစားကြည့်လိုက်​၏။

သူ ငယ်ရွယ်စဉ်က နို့သကြားလုံးလေးကို အမှတ်ရသွားမိသည်။ နို့သကြားလုံးဗူးကြီးထဲကနေ ရုတ်တရက် ယုန်ကလေးကခုန်ထွက်လာပြီး သူ့ကိုဖက်ကာ ကျင်ကောလို့ခေါ်လာသည်။ ၎င်းနောက် သူ့ပါးစပ်ထဲကို တော်ဖီချိူချိုလေး တစ်လုံး ထည့်ပေး​၏။

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now