Chapter 76

5.2K 804 60
                                    

|| Unicode ||

လုရှန့်ကျင်က တသိမ့်သိမ့်တုန်နေတဲ့ ယုန်ကလေးကို တင်းတင်းဖက်ထားပြီး အိပ်ရာပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်​။ပြီးလျှင် သူ့နားနောက်မှ pheromoneစွန်းထင်းနေသောလက်တို့ဖြင့် ပါးပြင်လေးတွေကို ပွတ်ပေးလိုက်သည်။

" ကိုယ်မင်းကို ခြောက်ခဲ့မိတယ်၊ ဟုတ်တယ်မဟုတ်လား " လုရှန့်ကျင်က ခေါင်းငုံ့၍ ရန်ရိရဲ့ တင်းတင်းဆုပ်ထားသောလက်လေးကို ဆွဲထုတ်ကာ သူ့လက်ဖဝါးပေါ်မှာ တင်ထားလိုက်သည်။ " ရှေ့လျှောက်တော့ မင်း မကြောက်စေရတော့ပါဘူး၊ ကိုယ့်ကို မကြောက်ပါနဲ့ "

ရန်ရိသည်ကား လူတစ်ယောက်လို အေးစက်သယောင်ဟန်ဆောင်ဖို့ သင်ယူထားရသည့် ယုန်ဖြူလေးတစ်ကောင်သာပင်။သူက အလွယ်တကူ ကြောက်ရွံ့တတ်ပြီး သတ္တိလည်းနည်း​၏။ သူဘာမှ မလုပ်ရဲပေမယ့် သူ့အတွက်တော့ ဘာမဆို လုပ်ပေးလိုစိတ်ရှိခဲ့လေသည်။

ရန်ရိက သူ့ဗိုက်ပေါ်မှာ လက်နှစ်ဖက်လုံးတင်လိုက်ပြီး နောက်ဆုံး စိုးရိမ်တကြီးဖြစ်နေတဲ့ အသက်ရှူသံတွေ ငြိမ်ကျသွားခဲ့သည်။ သူက လုရှန့်ကျင် ပုခုံးပေါ်မှာမှီထားရင်း အသက်ကိုဖမ်းရှူနေရသောကြောင့် ဆံပင်အစွန်းလေးတွေမှာ ချွေးစေးတွေက စိုရွှဲနေခဲ့​၏။

" ငါ alphaဖြစ်ချင်တယ် " သူ့ရဲ့ ဖြူရော်နေသည့်နှုတ်ခမ်းတို့ ရွေ့သွားပြီး ရန်ရိကနှုတ်ခမ်းစွန်းလေးတွေ ပင့်လာရုံမျှတိုးတိုးလေးဆိုသည်။ " အဲ့ဒါဆို အရမ်း နုမနေလောက်ဘူး "

" အားမနည်းပါဘူးကွာ " လုရှန့်ကျင်က သူ့ကို စိတ်ရှည်လက်ရှည်ပင် ပုတ်ပေးရင်း " မင်းကိုယ့်ကို အမှတ်အသားလုပ်ထားခဲ့တယ်လေ။မင်းကိုယ့်အတွက် Tuzkiလည်းဆွဲပေးခဲ့တယ်။ ပြီးတော့ မနက်ဖြန်မှာ နောက်တစ်ခုဆွဲပေးတော့လဲ ပျော်နေခဲ့တယ် "

ရန်ရိ နှုတ်ခမ်းကိုက်လိုက်မိသည်။ သူ့နားရွက်လေးတွေမှာ ရုတ်ခြည်း သွေးရောင်ပြည့်ကာ ပူလောင်လာရပြီး နီစွေးနေမှုတို့က ဆံပင်တွေကြားမှာဖုံးကွယ်ခံထားရ​၏။

" မင်း ထပ်ကိုက်ချင်သေးလား? " လုရှန့်ကျင်က ငုံ့ကိုင်း၍ ခပ်ယဲ့ယဲ့အပြုံးဖြင့် သူ့နှုတ်ခမ်းတွေကိုနမ်း လာသည်။ " ကိုယ်ဒီမှာပဲ မင်းကို alpha ဖြစ်ခွင့်ပေးမယ်လေ "

နားရွက်ရှည်အိမ်တော်ထိန်း || ဘာသာပြန် || 『Completed』Where stories live. Discover now